ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း ဖြူးမြို့နယ် ညောင်ပင်သာနှင့် ကညွတ်ကွင်းဘူတာအကြား ရထားလမ်း မိုင်တိုင်အမှတ် ၁၂၆/၇-၈ အတွင်း မိုင်းဖောက်ခွဲဖျက်ဆီးခံရသဖြင့် ရထားခရီးစဉ်များကြန့်ကြာမှုဖြစ်

နေပြည်တော်    မေ   ၂၄ 
ရန်ကုန် - မန္တလေး ရထားလမ်းပိုင်း  ဖြူးမြို့နယ် ညောင်ပင်သာနှင့် ကညွတ်ကွင်းဘူတာအကြား မိုင်တိုင်အမှတ်   ၁၂၆/  ၇-၈ ရှိ ပတ္တာရွာ  ရထားလမ်းကူးအနီး သံလမ်းပေါ်တွင်   ယနေ့နံနက် ၁ နာရီ  ၄၂  မိနစ်ခန့်နှင့်  ၂   နာရီ ၃ မိနစ်အချိန်ခန့်တို့တွင် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း   သိရသည်။
မိုင်းဖြစ်စဉ်ဖြစ်ပွားရာနေရာ သို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ က နံနက် ၆ နာရီတွင် ရောက်ရှိ လာပြီး  နယ်မြေရှင်းလင်းစစ်ဆေး ခဲ့ရာ လက်ရှိရထားပြေးဆွဲနေသည့် အဆန်လမ်းမှ   အတွင်းသံလမ်း လေးပေခန့်ပြတ်ထွက်၍ ကွန်ကရစ် ဇလီဖားငါးတုံးခန့်    ပျက်စီးပြီး၊ စီမံကိန်းဆောင်ရွက်လျက်ရှိသော အစုန်လမ်းမှ     အတွင်းသံလမ်း လေးပေခန့်ပြတ်ထွက်၍ ကွန်ကရစ် ဇလီဖားငါးတုံးခန့်    ပျက်စီးနေ ကြောင်းသိရှိရသဖြင့်      ယနေ့ နံနက် ၆ နာရီတွင်  ညောင်ပင်သာ နှင့် ကညွတ်ကွင်း ရထားလမ်းပိုင်း အား    ခေတ္တပိတ်၍   လမ်းပိုင်း အချိန်မီ ပြန်လည်ဖွင့်လှစ်နိုင်ရေး မြန်မာ့မီးရထား တာဝန်ရှိသူများ က ပြုပြင်ဆောင်ရွက်ခဲ့ရာ  ယနေ့ မွန်းလွဲ ၁၂ နာရီ   ၁၅   မိနစ်တွင် လမ်းပိုင်းအား  ပြန်လည်ဖွင့်လှစ် နိုင်ခဲ့သည်။
လမ်းပိုင်းပြန်လည်ဖွင့်လှစ်
အဆိုပါ   မိုင်းဖြစ်စဉ်ကြောင့် အမှတ်(၁၁) အဆန်    ရန်ကုန်-မန္တလေး  လူစီးအမြန်ရထားသည် ကညွတ်ကွင်းသို့ နံနက် ၁၁ နာရီ ၄၇    မိနစ်အချိန်    ရောက်ရှိပြီး မွန်းလွဲ ၁၂ နာရီ    မိနစ်   ၂၀ တွင် ပြန်လည်        ထွက်ခွာနိုင်သဖြင့် ကြန့်ကြာချိန်      ၃၁    မိနစ်နှင့် အမှတ်(၁)  အဆန်    ရန်ကုန်-မန္တလေး          စာပို့ရထားသည် ပဲနွယ်ကုန်းသို့   မွန်းလွဲ ၁၂ နာရီ ၈ မိနစ်အချိန် ရောက်ရှိပြီး မွန်းလွဲ ၁၂    နာရီ   ၂၃   မိနစ်အချိန်တွင် ပြန်လည်       ထွက်ခွာနိုင်သဖြင့် ကြန့်ကြာချိန် ၁၀ မိနစ် ဖြစ်ပေါ်၍ အမှတ်(၆၅၁)အစုန် ကျောက်ရထား သည်  ဇေယျဝတီဘူတာ၌ နံနက် ၆ နာရီ ၂၅  မိနစ်တွင်   ရောက်ရှိ ရပ်နားထားရပြီး       ဖြူးဘူတာမှ ယနေ့နံနက် ၆ နာရီတွင် ထွက်ခွာ ရန် အသင့်ရှိနေသော အမှတ်(၉၉၄) အစုန်    သာစည် - ပုဇွန်တောင် ခရီးစဉ်   ကုန်ရထားအား    ခေတ္တ စောင့်ဆိုင်းစေခဲ့ရပြီး     လမ်းပိုင်း ပြန်လည်ဖွင့်လှစ်သည့်    အချိန်မှ သာ စေလွှတ်နိုင်ခဲ့သည်။
အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့်   ၂၀၂၁     ခုနှစ် ဖေဖော်ဝါရီလမှစ၍    ယခုအချိန် အထိ မြန်မာ့မီးရထားလမ်းကွန်ရက် တစ်ခုလုံးတွင်      ရထားလမ်းနှင့် ရထားဘူတာ         နယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/     ဖျက်ဆီးခြင်း ၂၀၆    ကြိမ်၊     ရထားတံတား/သံလမ်းများအား   မိုင်းခွဲဖျက်ဆီး ခြင်း (၁၆၄) ကြိမ်၊ ဘူတာအဆောက် အဦနှင့်  ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း    (၄၂)  ကြိမ် ကျူးလွန်ခဲ့ကြသည်။
ကန့်ကွက်ရှုတ်ချလျက်ရှိ
နိုင်ငံတော်    အစိုးရအနေဖြင့် အများပြည်သူ    ခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု       အဆင်ပြေ ချောမွေ့  မြန်ဆန်စေရေးအတွက် ရထားလမ်းနှင့် အခြေခံအဆောက် အဦများ ပိုမိုတိုးတက်ကောင်းမွန် လာစေရေး၊     ရထားပို့ဆောင်ရေး စနစ်  အဆင့်မြှင့်တင်ရေးစီမံကိန်း လုပ်ငန်းများကို    ရည်မှန်းချက် ထာရှိ၍ အစဉ်တစိုက် အလေးထား စီမံ  ဆောင်ရွက်ပေးလျက်ရှိသော် လည်း အကြမ်းဖက်သောင်းကျန်း သူများအနေဖြင့်      နိုင်ငံတော်ပိုင် ရထားစက်ခေါင်းနှင့်တွဲများ၊ ရထား လမ်းနှင့်   တံတားများ၊   ခရီးသည် များနှင့်ကုန်စည်များ ထိခိုက်ပျက်စီး ဆုံးရှုံးစေရေး၊    ရထားစီးခရီးသွား ပြည်သူများအနေဖြင့်   ရထားဖြင့် ခရီးသွားလာရာတွင်     ကိုယ်စိတ် နှလုံးချမ်းမြေ့ပြီး အသက်အန္တရာယ် ကင်းရှင်းစွာဖြင့်   လုံခြုံစိတ်ချစွာ သွားလာနိုင်မှု        မရှိစေရေးနှင့် ရန်ကုန် -  မန္တလေး   ရထားလမ်း အဆင့်မြှင့်တင်ရေး        စီမံကိန်း နှောင့်နှေးကြန့်ကြာစေရန်အတွက် ရည်ရွယ်ပြီး   ယခုကဲ့သို့   ယုတ်မာ ပက်စက်စွာဖြင့်     အကြိမ်ကြိမ် ကျူးလွန်ဖျက်ဆီးနေကြခြင်းအပေါ်   ဒေသခံများနှင့် ပြည်သူတစ်ရပ်လုံး က ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်     ရှုတ်ချလျက်ရှိကြောင်း သတင်းရရှိ သည်။        

သတင်းစဉ်