
နေပြည်တော် မေ ၁
ယနေ့ ရန်ကုန်- မန္တလေး ရထား လမ်းပိုင်းအတွင်း ယနေ့ မလွှကုန်း-မြစ်ငယ် ခရီးစဉ်အတိုင်း ထွက်ခွာ လာသည့် အမှတ်(၉၀၁)အဆန် ကုန်ရထားသည် ပဲခူးတိုင်းဒေသ ကြီး ဖြူးမြို့နယ် ကညွတ်ကွင်း ဘူတာမှ နံနက် ၅ နာရီ ၁၅ မိနစ် တွင် ဖြတ်သန်းထွက်ခွာခဲ့ရာ ကညွတ်ကွင်းဘူတာနှင့် ညောင်ပင် သာဘူတာအကြား မိုင်တိုင်အမှတ်၊ ၁၂၅/၁-၄ အတွင်း ရထားမဖြတ် သန်းမီအချိန်က သောင်းကျန်းသူ အဖွဲ့က ရထားသံလမ်းအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးထားသဖြင့် ရထားဖြတ်သန်းစဉ် ရထားလမ်းချော်ကျမှု ဖြစ်ပွား ခဲ့ပြီး ရထားစက်ခေါင်းအပါ အဝင် စက်ခေါင်းမောင်း နားနေတွဲ နှင့် ကုန်တွဲ တွဲလွတ် သုံးတွဲ စုစု ပေါင်း စက်ခေါင်းနှင့် တွဲလေးတွဲ တို့ လမ်းချော်ကျမှုဖြစ်ပွား ခဲ့သည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ရန်ကုန်မှ ထွက်ခွာလာသည့် ခရီးသွားပြည်သူ ၂၈၈ ဦး လိုက်ပါ လာသည့် အမှတ်(၁၁)အဆန် လူစီးအမြန်ရထားသည် ကျောက် တန်းဘူတာသို့ နံနက် ၇ နာရီ ၉ မိနစ်တွင်ရောက်ရှိပြီး ၈ နာရီခွဲ တွင် ရန်ကုန်ဘက်သို့လည်းကောင်း၊ မန္တလေးမှ ထွက်ခွာလာသည့် ခရီးသွားပြည်သူ ၁၇၄ ဦး လိုက်ပါ လာသော အမှတ်(၁၂)အစုန်လူစီး အမြန်ရထားသည် မြစ်သားသို့ နံနက် ၆ နာရီ ၆ မိနစ်တွင် ရောက်ရှိပြီး ၈ နာရီ ၂၅ မိနစ်တွင် မန္တလေးဘက်သို့ လည်းကောင်း ပြန်လည်ထွက်ခွာ ပို့ဆောင်ပေး ခဲ့ရသဖြင့် ခရီးသည်များအား ခရီးဆုံးထိ ပို့ဆောင်နိုင်ခြင်း မရှိတော့ဘဲ အဆိုပါလူစီးအမြန် ရထားနှစ်စင်းအား ယာယီဖျက်သိမ်း ခြင်းပြုလုပ်ခဲ့ရသည်။
မိုင်းဖြစ်စဉ် ဖြစ်ပွားရာနေရာ သို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များ က အချိန်နှင့်တစ်ပြေးညီ ရောက်ရှိ လာပြီး နယ်မြေရှင်းလင်းစစ်ဆေး ခြင်းနှင့် မြန်မာ့မီးရထားဝန်ထမ်း များကလည်း လမ်းချော်ကျသော စက်ခေါင်းနှင့်တွဲများအား မ,တင် ၍ လမ်းပိုင်းအား အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင် ရွက်လျက်ရှိသည်။ မိုင်းပေါက်ကွဲ ဖျက်ဆီးခံရသည့် ဖြစ်စဉ်နှင့် ရထားလမ်းချော်မှု ဖြစ်စဉ်များ ကြောင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ဆဲဖြစ်သော အစုန် လမ်းပေါ်တွင် ကွန်ကရစ်ဇလီဖား ၁၀ တုံး၊ သံလမ်းပေ ၈၀ ခန့်ပျက်စီး သွားပြီး အဆန်လမ်းပေါ်တွင် ကွန်ကရစ်ဇလီဖား ၃၂ တုံး၊ သံလမ်း ပေ ၃၀ ခန့်ပျက်စီးခဲ့ကာ ရထား များ ပုံမှန်ပြန်လည်ပြေးဆွဲနိုင်ရေး ပြုပြင်ခြင်း လုပ်ငန်းများအား အမြန်ဆုံး ဆောင်ရွက်လျက်ရှိ သည်။
အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ယခု အချိန်အထိ မြန်မာ့မီးရထားလမ်း ကွန်ရက်တစ်ခုလုံးတွင် ရထား လမ်းနှင့် ရထားဘူတာနယ်မြေ အတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီး ခြင်း ၁၃၁ ကြိမ်၊ ရထားတံတား များအား မိုင်းခွဲဖျက်ဆီးခြင်း ၅၄ ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ ဖျက်ဆီးခြင်း ၁၂ ကြိမ် ကျူးလွန်ခဲ့ ကြသည်။
နိုင်ငံတော် အစိုးရအနေဖြင့် အများပြည်သူခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေ ချောမွေ့မြန်ဆန်စေရေးအတွက် ရထားလမ်းနှင့် အခြေခံအဆောက် အဦများ ပိုမိုတိုးတက်ကောင်းမွန် လာစေရေး၊ ရထားပို့ဆောင်ရေး စနစ် အဆင့်မြှင့်တင်ရေးစီမံကိန်း လုပ်ငန်းများကို ရည်မှန်းချက် ထားရှိ၍ အစဉ်တစိုက် အလေး ထား စီမံဆောင်ရွက်ပေးလျက် ရှိသော်လည်း အကြမ်းဖက် သောင်းကျန်းသူများ အနေဖြင့် နိုင်ငံတော်ပိုင် ရထားစက်ခေါင်း နှင့်တွဲများ၊ ရထားလမ်းနှင့် တံတားများ၊ ခရီးသည်များနှင့် ကုန်စည်များ ထိခိုက်ပျက်စီးဆုံးရှုံး စေရေး၊ ရထားစီးခရီးသွားပြည်သူ များအနေဖြင့် ရထားဖြင့် ခရီးသွား လာရာတွင် ကိုယ်စိတ်နှလုံး ချမ်းမြေ့ပြီး အသက်အန္တရာယ် ကင်းရှင်းစွာဖြင့် လုံခြုံစိတ်ချစွာ သွားလာနိုင်မှု မရှိစေရေးအတွက် ရည်ရွယ်ပြီး ယခုကဲ့သို့ ယုတ်မာ ပက်စက်စွာဖြင့် အကြိမ်ကြိမ် ကျူးလွန် ဖျက်ဆီးနေကြခြင်း အပေါ် ဒေသခံများနှင့် ပြည်သူ တစ်ရပ်လုံးက ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက် ရှုတ်ချလျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်