ရန်ကုန်၊ မန္တလေးနှင့် လုမ္ဗိနီ တိုက်ရိုက်လေကြောင်းပျံသန်းရေး အမြင်ချင်းဖလှယ် ဆွေးနွေး

 

နေပြည်တော်    အောက်တိုဘာ   ၂၁


ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံ သံအမတ်ကြီး H.E. Mr. Harishchandra Ghimire အား ယနေ့နံနက်ပိုင်းတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

 


တွေ့ဆုံစဉ် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်များနှင့် လုမ္ဗိနီအပြည်ပြည် ဆိုင်ရာလေဆိပ်အကြား တိုက်ရိုက်လေကြောင်းပျံသန်းရေး၊ ခရီးသွားလုပ်ငန်းတိုးတက်မှုကို အခြေခံ၍ လုမ္ဗိနီ-ဂါယာ-ရန်ကုန်/ မန္တလေး/ နေပြည်တော် လေကြောင်းခရီးစဉ်များ တိုးချဲ့ပျံသန်းရေး၊ လေကြောင်း သဘောတူစာချုပ်အသစ်တစ်ရပ် ချုပ်ဆိုရေး၊ ဒေသထွက်ကုန်များ အပြန်အလှန်တင်ပို့နိုင်ရေးနှင့် နီပေါနိုင်ငံ တွင်းရှိ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးတို့ကို အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

 


တွေ့ဆုံပွဲသို့   ပို့ဆောင်ရေးနှင့်  ဆက်သွယ်ရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး  ဦးအောင်ကျော်ထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 


သတင်းစဉ်