
နေပြည်တော် အောက်တိုဘာ ၁၁
အောက်တိုဘာ ၈ ရက် နံနက်ပိုင်းမှ စတင် ၍ ပဲခူးတိုင်းဒေသကြီးအတွင်း မိုးသည်း ထန်စွာ ရွာသွန်းပြီး ရန်ကုန် - မန္တလေး လမ်းပိုင်းရှိ ပဲခူးဘူတာနှင့် ရွှေလှေဘူတာ အကြားနှင့် ပဲခူး - မော်လမြိုင် လမ်းပိုင်းရှိ ပဲခူးဘူတာ - ကလိဘူတာနှင့် နောင် ပတ္တရားဘူတာအကြားတို့တွင် ရထား လမ်းပေါ် ရေကျော်ခဲ့သဖြင့် လမ်းပိုင်း အတွင်း ရောက်ရှိနေသည့် လူစီးအမြန် ရထားနှစ်စင်းမှ ခရီးသည်များကို ကားများ စီစဉ်၍ ရန်ကုန်ဘူတာကြီးသို့ ပို့ဆောင် ပေးခဲ့ပြီး ရန်ကုန် - မန္တလေးနှင့် ရန်ကုန်- မော်လမြိုင် ရထားခရီးစဉ်များ ယာယီ ဖျက်သိမ်းခဲ့ရသည်။
ယနေ့နံနက်ပိုင်းမှစ၍ ရေများ ပြန်လည်ကျဆင်းလာသဖြင့် အဆိုပါ ရေဖုံးလွှမ်းခဲ့သည့် ပဲခူးဘူတာနှင့် ရွှေလှေ ဘူတာလမ်းပိုင်း၊ ပဲခူးဘူတာ - ကလိ ဘူတာနှင့် နောင်ပတ္တရားဘူတာလမ်းပိုင်း များသို့ မြန်မာ့မီးရထားမှ တာဝန်ရှိသူများ က တွဲဆိုင်းကိုးတွဲပါရှိသော ကျောက် ရထားဖြင့် လမ်း၏ကြံ့ခိုင်မှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျောက်ချ ခြင်း၊ ကျောက်စီခြင်းလုပ်ငန်းများ ဆောင် ရွက်လျက်ရှိသည်။
ထို့အတူ ပဲခူးဘူတာနှင့် ကလိဘူတာ အကြား လမ်းပိုင်းအတွင်းသို့လည်း အောက်တိုဘာ ၁၀ ရက်မှ စတင်၍ ကျောက်ရထားတွဲဆိုင်း ရှစ်တွဲဖြင့် ကျောက်ချခြင်း၊ ထူးပေါက်နေရာများတွင် ကျောက်စီထည့်ခြင်းစသည့် လမ်းပိုင်း ကြံ့ခိုင်မှုအတွက် လိုအပ်သည်များကို မွမ်းမံပြင်ဆင်၍ ရထားခရီးစဉ်များ ပုံမှန် ပြန်လည်ပြေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်