
နေပြည်တော် ဒီဇင်ဘာ ၆
အကြမ်းဖက် အဖွဲ့များအနေဖြင့် အများပြည်သူ အသုံးပြုလျက်ရှိ သည့် ကားလမ်း၊ ရထားလမ်းများ ကို မိုင်းထောင်၊ ဖောက်ခွဲဖျက်ဆီး လျက်ရှိရာ ယနေ့မွန်းလွဲ ၂ နာရီ ခန့်တွင် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် တောင်သမန် ကျေးရွာအုပ်စု ရန်ကုန်-မန္တလေး မီးရထားလမ်း မိုင်တိုင်(၃၆၄/၅)နှင့် မိုင်တိုင် (၃၆၄/၆)အကြား၌ ဒေသန္တရ လက်လုပ်မိုင်းနှစ်လုံး ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရ သည်။
ထိုသို့ ဖောက်ခွဲဖျက်ဆီးခဲ့ခြင်း ကြောင့် ရထားသံလမ်း ပျက်စီးမှု မရှိဘဲ ဖြတ်သန်းခုတ်မောင်းသော ရန်ကုန်- မန္တလေး ကုန်တင်ရထား အဆန်အမှတ်(GT-2096)၏ အတွဲ အမှတ်(၃)စားအုန်းဆီတွဲ အောက် ခြေကြမ်းခင်းအနည်းငယ် ပျက်စီး ခဲ့ပြီး စားအုန်းဆီကန် ဆီယိုစိမ့်မှု ဖြစ်ပေါ်ခဲ့သည်။
ယင်းသို့ အများပြည်သူ အသုံးပြုလျက်ရှိသည့် ဆက်သွယ် ရေးလမ်းကြောင်းများကို ဖောက်ခွဲ ဖျက်ဆီးခဲ့သော အကြမ်းဖက်အဖွဲ့ များအား အမြန်ဆုံးဖမ်းဆီးရမိ ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ သတင်းစဉ်