ရှန်ဟိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်အသစ် ထပ်မံတွေ့ရှိမှုသည်  သီတင်းပတ် ၁၁ ပတ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ၁၀၀ အောက်ကျဆင်း

 

 

ရှန်ဟိုင်း   မေ   ၃၀ 
ရှန်ဟိုင်းတွင်   ကိုရိုနာဗိုင်းရပ်စ်အသစ် ထပ်မံတွေ့ရှိမှုသည် သီတင်းပတ် ၁၁ ပတ် အတွင်း ပထမဆုံးအကြိမ်အဖြစ် ၁၀၀ အောက် ကျဆင်းခဲ့သည်။ 
ရှန်ဟိုင်းအာဏာပိုင်များက ကိုဗစ်-၁၉ အန္တရာယ်အနိမ့်ဆုံးဒေသရှိ အိမ်ရာ များတွင် နေထိုင်သူများသည် ဇွန် ၁ ရက် မှစကာ လွတ်လပ်စွာ သွားလာလှုပ်ရှား နိုင်ပြီဖြစ်ကြောင်း ပြောကြားလိုက်သည်။ 
သက်ဆိုင်ရာအရာရှိများက    ပုံမှန်  လူနေမှုဘဝမျိုး ပြန်လည်ရောက်ရှိရန်နှင့် စီးပွားရေးဆောင်ရွက်ချက်များကိုလည်း ပုံမှန်အတိုင်း       ပြန်လည်ရောက်ရှိရန် လုပ်ဆောင်သွားမည်      ဖြစ်ကြောင်း ပြောကြားလိုက်သည်။   ထို့အတူ ဒေသခံ ၉၀ ရာခိုင်နှုန်း  (ပြည်သူ ၂၂ သန်း) ခန့် ကိုလည်း အပြင်ထွက်ခွင့်ပြုသွားမည်ဖြစ် ကြောင်းသိရသည်။ 
ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ဖြစ်ပွား သူ    စတင်မကျဆင်းမီက   တရုတ်နိုင်ငံ စီးပွားရေးမြို့ဖြစ်သည့်   ရှန်ဟိုင်းတွင် ဧပြီလ   အချို့ရက်များ၌    ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၂၀၀၀၀ အောက်အထိ မြင့်တက်ခဲ့သည်။ သို့သော်လည်း နောက် ပိုင်းတွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု ကျဆင်းခဲ့ရာ တနင်္ဂနွေနေ့က ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၆၀ ရှိခဲ့သည်။ 
မတ် ၁၂ ရက်က ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူ ၁၀၀ အောက် ကျဆင်းခဲ့သည်။ ၎င်းပမာဏသည် ကိုဗစ်-၁၉   ကူးစက် ဖြစ်ပွားမှုကို ထိန်းချုပ်ရန် တင်းကျပ်သည့် ကန့်သတ်ပိတ်ဆို့မှုမချမှတ်ခင် သီတင်း ပတ် နှစ်ပတ်အလိုက ဖြစ်သည်။ 
စီးပွားရေး   ဆောင်ရွက်ချက်များကို အလျင်အမြန်   ပြန်လည်စတင်ခွင့်ပေး လိုက်ခြင်းက   အပြင်ထွက်ခွင့်နှစ်လကြာ  ကန့်သတ်ထားခဲ့သည့် မြို့နေဒေသခံများ အတွက်  ကြီးမားသည့်စိန်ခေါ်မှုဖြစ်လာနိုင်သည်။ 
အရည်အချင်းရှိသည့်၊      လုပ်ရည် ကိုင်ရည်ရှိသည့်  စီးပွားရေးလုပ်ငန်းများ အတွက် အခွန်များကို  လျှော့ချပေးမည် ဖြစ်သလို  ပုံမှန်ကားထုတ်လုပ်မှုမှသည် လျှပ်စစ်ကားဘက်သို့       ကူးပြောင်း ထုတ်လုပ်သူများကိုလည်း       ငွေကြေး ထောက်ပံ့ပေးသွားမည်    ဖြစ်ကြောင်း အဆင့်မြင့်အရာရှိတစ်ဦးက    သတင်း ထောက်များကို မေ ၂၉ ရက်က ပြောကြား လိုက်သည်။ 
စက်ရုံများ စီးပွားရေးလုပ်ငန်းများကို ဇွန် ၁ ရက်နေ့နောက်ပိုင်းတွင် ပြန်လည် ဖွင့်လှစ်ခွင့်ပေးမည်ဖြစ်သည်။    ဆင်ဟွာ