
နေပြည်တော် နိုဝင်ဘာ ၁၈
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ (၄)နှစ်မြောက် နှစ်ပတ်လည်ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝန်ကြီးဌာန အစည်းအဝေးခန်းမ ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင် စုဝန်ကြီး ဒေါက်တာကံဇော်က မိမိတို့ဝန်ကြီးဌာနသည် ဖွဲ့စည်းမှု အရ ဌာနအသစ်ဖြစ်သော်လည်း လုပ်ငန်းအတွေ့အကြုံနှင့်ဆောင် ရွက်နိုင်မှုအပြင် တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိသော နှစ် ၃၀ သက် တမ်းရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များ ညွှန်ကြားမှုဦးစီးဌာနနှင့် နှစ် ၅၀ သက်တမ်းရှိ နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဦးစီးဌာနတို့ဖြင့် ပြန်လည်ဖွဲ့စည်းထားခြင်း ဖြစ် သည့်အတွက် ဝန်ကြီးဌာန၏ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကို ဝန်ထမ်းများအနေဖြင့် သိရှိ သဘောပေါက်ရန် လိုအပ်ကြောင်း၊ ယခုနှစ်ပတ်လည်နေ့ အခမ်း အနားကျင်းပရခြင်းမှာ ဝန်ထမ်း များနှင့် မျိုးဆက်သစ် ဝန်ထမ်းများ အား ဝန်ကြီးဌာန၏ သမိုင်း ကြောင်း (History) ကို သိရှိနိုင် စေရန်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်အပြင် ဦးတည်ချက်(၉)ရပ်အနက်မှ မိမိ တို့ဝန်ကြီးဌာနနှင့် သက်ဆိုင်သည့် စီးပွားရေး ဦးတည်ချက်များ အောင်မြင်နိုင်ရန် ဝိုင်းဝန်း၍ တာဝန်ယူ၊ တာဝန်ခံကာ ဆောင် ရွက်သွားကြရန် လိုကြောင်း၊ MIFER ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်နှင့် အစိုးရအပေါ် ကျေးဇူးသစ္စာစောင့်သိရန်၊ ဝန်ကြီး ဌာန၏ ဦးတည်ချက်အတိုင်း ဌာနများ၏ တာဝန်ဝတ္တရားများ ကို ကျေပွန်စွာဆောင်ရွက်ရာတွင် အသိ၊ သတိ၊ ပညာဖြင့် ထိန်းသိမ်း ဆောင်ရွက်သွားကြရန် ပြောကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က နိုင်ငံ့တာဝန်များကို ထူးချွန် အောင်မြင်စွာထမ်းဆောင်ခဲ့သည့် ထူးချွန်စံပြဝန်ထမ်းများ (အရာ ထမ်းနှင့်အမှုထမ်း)၊ ထူးချွန် အောင်မြင်သည့် စံပြဌာနခွဲများ၊ နိုင်ငံဝန်ထမ်း တက္ကသိုလ်များ၌ ဖွင့်လှစ်ခဲ့သည့် သင်တန်းများတွင် ထူးချွန်ဆုရရှိသူ စုစုပေါင်း ၃၅ ဦးတို့ကို ဂုဏ်ပြုဆုများ ပေးအပ်ချီး မြှင့်ခဲ့ပြီး ဝန်ထမ်းထောက်ပံ့ငွေ များကိုလည်း ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် ညပိုင်းတွင် ကျင်းပ သည့် ဝန်ကြီးဌာန၏ နှစ်ပတ် လည် ဂုဏ်ပြုညစာစားပွဲ အခမ်း အနားသို့ တက်ရောက်၍ ဝန်ထမ်း များနှင့်အတူ ရင်းရင်းနှီးနှီး ညစာ သုံးဆောင်ပြီး ဝန်ထမ်းများ၏ ဖျော်ဖြေရေး အစီအစဉ်များကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရ သည်။
သတင်းစဉ်