ရန်​ကုန်​တိုင်း​ဒေသကြီးအတွင်းရှိ စက်​မှုဇုန်​ ၂၉ ဇုန်​မှ ထုတ်​ကုန်​ပစ္စည်းများပြပွဲ ပထမဆုံးအကြိမ် ကျင်းပလျက်ရှိ

 

ရန်​ကုန်​   ဒီဇင်​ဘာ   ၁၆


ရန်​ကုန်​တိုင်း​ဒေသကြီးအတွင်းရှိ စက်​မှု ဇုန်​  ၂၉  ဇုန်​မှထွက်​ရှိ​သော  ထုတ်​ကုန်​ပစ္စည်းများပြပွဲကို ဒီဇင်ဘာ ၁၅ ရက်က စပြီး  ​ရန်​ကုန်မြို့  မင်းဓမ္မလမ်းရှိ MCC ခန်းမ၌    ပထမဆုံး   ကျင်း​ပလျက်ရှိရာ ပြည်​တွင်း    စက်​မှုလုပ်​ငန်းရှင်​များအကြား တစ်​ဦးနှင့်​တစ်ဦး   စီးပွားရေး ကုန်​သွယ်​မှုများ      ပြုလုပ်​နိုင်​မည်​ဖြစ်​ကြောင်း သိရသည်​။ 

 


“ဒီပြပွဲက (၇၅)နှစ်​မြောက်​ စိန်​ရတု လွတ်​လပ်​ရေး​နေ့ကို ကြိုဆိုဂုဏ်​ပြု​သော အားဖြင့်​    ကျင်းပတာလည်းဖြစ်​သလို ရန်​ကုန်​တိုင်း​ဒေသကြီးအတွင်းမှာရှိတဲ့ စက်​မှုဇုန်​ ၂၉ ခုရဲ့ ထုတ်​ကုန်​ပစ္စည်းပြပွဲ အ​နေနဲ့  ပထမဆုံးကျင်းပတာပါ။ စက်​မှု လုပ်​ငန်း​တွေအ​နေနဲ့ ပြည်​ပကဝယ်​ယူတဲ့ ကုန်​ကြမ်းပစ္စည်း​တွေ    ရှိတယ်​။ ပြည်​တွင်းက         ဝယ်​ယူရတဲ့   ကုန်​ကြမ်းပစ္စည်း​တွေလည်း   ရှိ တယ်​။  ဒီလိုရှိတဲ့အခါမှာ ပြည်​ပက ကုန်​ကြမ်း​တွေ    ဝယ်​ယူမယ့်အစား ပြည်တွင်းမှာ       ထုတ်​လုပ်​နေတဲ့   ကုန်​ကြမ်း​တွေကို     အသုံးပြုနိုင်​ဖို့အတွက်​     စက်​မှုလုပ်ငန်းရှင်​ တစ်​ဦးနဲ့တစ်​ဦး    စီးပွား​ရေးကုန်​သွယ်​မှု​တွေ       လုပ်​နိုင်​ဖို့အတွက်   ​ဖြစ်​ပါတယ်​။   ဒါ့အပြင်​    စက်မှု နည်းပညာ​တွေ   တစ်​ဦးနဲ့တစ်​ဦး ဖလှယ်​နိုင်​ဖို့အတွက်​လည်း   ဖြစ်​တယ်​။      ရင်းနှီးမြှုပ်​နှံမှု​တွေကို လည်း   ဖိတ်​ခေါ်​နေပါတယ်​”    ဟု ရန်​ကုန်​တိုင်း​ဒေသကြီး     စက်​မှု ကြီးကြပ်​ရေးနှင့်​       စစ်​ဆေး​ရေး ဦးစီးဌာန     ဒုတိယညွှန်​ကြား​ရေး မှူး​ ဒေါက်​တာခင်​သော်​တာဝင်းက ပြောသည်​။ 

 


 ဦးစီးကျင်းပ


ထိုပြပွဲကို      ရန်​ကုန်​တိုင်း​ဒေသကြီး အစိုးရအဖွဲ့က  ကြီးမှူး ပြီး   ရန်​ကုန်​တိုင်း​ဒေသကြီး စက်မှု ဇုန်​များ​         ဖော်​ဆောင်​ရေးနှင့်​  ကြီးကြပ်ရေး​ကော်​မတီက    ဦးစီး ကျင်းပခြင်းဖြစ်​သည်​။  

 

 
ပြပွဲတွင်​          ရန်​ကုန်​တိုင်း​ဒေသကြီးအတွင်းရှိ စက်​မှုဇုန်​   ၂၉     ဇုန်​မှ     ထွက်​ရှိ​သော    ပြည်​တွင်း ကုန်​ကြမ်းများကို           အ​ခြေခံ ထုတ်​လုပ်​သော စားသောက်​ကုန်​      ပစ္စည်းများ၊       အိမ်​သုံးပစ္စည်း            အမျိုးမျိုး၊           ပြည်တွင်းထုတ် အရည်အ​သွေးမီ ဆေးဝါးအမျိုးမျိုး၊    ဘက်ထရီအမျိုးမျိုး       ပြခန်း များအပြင်​     မြောင်းတကာနှင့်​       သာဓုကန်​စက်မှုဇုန်​တို့မှ    ထုတ်​လုပ်​လျက်​ရှိ​သော​    မော်​တော်​ကားအမျိုးမျိုး တို့ကို ပြသထားပြီး  ပြခန်း​ပေါင်း ၁၀၀ ဝန်းကျင်​ခန့်​ရှိ​ကြောင်း သိရသည်​။

 


လေးရက်​ကြာ ပြသသွားမည်


ပြပွဲကို  ဒီဇင်​ဘာ  ၁၈   ရက်​အထိ​ နေ့စဉ်​နံနက်​ ၉ နာရီမှ ညနေ ၅ နာရီအထိ    လေးရက်​ကြာ ပြသသွားမည်​ဖြစ်​ပြီး     ပြပွဲ၏ ထုတ်​ကုန်​ပစ္စည်းများကို   Online web portal မှတစ်​ဆင့်​ ပြသနိုင်​ရေးအတွက်​လည်း    စီစဉ်​ဆောင်​ရွက်​ပေး​နေ​ကြောင်း      ရန်​ကုန်​တိုင်းဒေသကြီး       စက်​မှုဇုန်​များ ​ဖော်​ဆောင်​ရေးနှင့်​  ကြီးကြပ်​ရေး ​ကော်​မတီမှ သိရသည်​။        
 

မင်းခ