
ပင်းတယ ဒီဇင်ဘာ ၂၀
၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်တွင် ကျရောက်သည့် ဆဋ္ဌမအကြိမ် မြောက် ဓနုအမျိုးသားနေ့ အခမ်း အနားကို ယနေ့ နံနက်ပိုင်းက ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်ရှိ ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသခန်းမ၌ပြုလုပ် ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဇနီး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထား သော ဧည့်သည်တော်များ၊ တိုင်း ရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့ များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများ တက်ရောက်ကြ သည်။
ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ် ဦးအောင်ဇော်အေးက တိုင်းရင်းသားများ၏ အမျိုးသားနေ့ ဟူသည် သက်ဆိုင်ရာတိုင်းရင်းသား များအတွက် ထူးခြားလေးနက်၍ ဂုဏ်ထူးဝိသေသဖြင့် ပြည့်စုံသည့် နေ့ထူးနေ့မြတ် ဖြစ်ကြောင်း၊ တိုင်းရင်းသားများ ရိုးရာယဉ်ကျေး မှု ဓလေ့ထုံးစံများကို ပြန်လည် အမှတ်ရစေပြီး ဆက်လက် ထိန်းသိမ်း စောင့်ရှောက်နိုင်ရေးနှင့် စည်းလုံးညီညွတ်မှုကို ဖော်ကျူး ဂုဏ်ယူကျင်းပသည့်နေ့ ဖြစ်ပါ ကြောင်း၊ ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသားမျိုးနွယ်စု ၃၃ စု စုပေါင်းနေထိုင်လျက် ရှိကြပြီး တိုင်းရင်းသားမျိုးနွယ်စုအလိုက် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာများသည် လူမျိုးစု အလိုက် ရှိကြပါကြောင်း၊ ဓနု လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု၊ ဘာသာစကား၊ ဓလေ့ထုံးတမ်းများ ကို ဖော်ထုတ်ထိန်းသိမ်း မြှင့်တင် ဆောင်ရွက်သွားရန် ငြိမ်းချမ်း သာယာသည့် အနာဂတ်နိုင်ငံတော် ကြီး ပေါ်ထွန်းနိုင်ရန်အတွက် တိုင်းရင်းသား ညီအစ်ကိုမောင်နှမ အချင်းချင်း အပြန်အလှန်နားလည် မှု၊ ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက် မှု စွမ်းအားများဖြင့် ကြိုးပမ်း တည်ဆောက်ကြရန် လိုကြောင်း ပြောကြားသည်။
ဆက်လက်ပြီး ပြည်နယ် ဝန်ကြီးချုပ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်တိုင်းရင်းသားရေး ဝန်ကြီးတို့က ဓနုအမျိုးသားနေ့ အတွက် အလှူငွေများ ပေးအပ် လှူဒါန်းကြရာ တာဝန်ရှိသူများ က လက်ခံရယူကြကြောင်း သိရ သည်။
စိုင်းအယ်ဘဲ