
နေပြည်တော် ဇန်နဝါရီ ၃၀
နယ်စပ်ရေးရာဝန်ကြီး ဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)အတွင်းရှိ ဘုန်းတော် ကြီးကျောင်းများမှ ရဟန်း၊ သာမဏေများ ဆွမ်း၊ ကွမ်း အဆင် ပြေစေရေးအတွက် ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ကုလားပဲ အမယ် လေးမျိုး ဆက်ကပ်လှူဒါန်းလျက် ရှိသည့်အပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ကုသရေးအတွက် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ၊ အင်အားဖြည့်အစား အစာများကိုလည်း ထောက်ပံ့ လှူဒါန်းလျက်ရှိသည်။
ထိုသို့ ထောက်ပံ့လှူဒါန်း လျက်ရှိရာ ယနေ့တွင် တာချီလိတ် ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင် သီတာခိုင်နှင့် တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မှ ဒုတိယမြို့နယ်မှူး ဦးအောင်ခိုင် မိုးနှင့် သာသနာရေးဦးစီးဌာန၊ ခရိုင်သာသနာမှူး ဦးထွန်းမောင် ကြည်တို့က တာချီလိတ်မြို့နယ် ရွှေတောင်တန်း ဘုန်းတော်ကြီး ကျောင်းသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများကို သွားရောက် ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်ပြီး နယ်စပ်ဒေသ နှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မိုင်းဖြတ် မြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း သို့ လည်းကောင်း၊ မိုင်းယောင်း မြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ မိုင်းဟန်ဘုန်းတော်ကြီးကျောင်းသို့ လည်းကောင်း၊ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများကို မြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးနှင့် တာဝန် ရှိသူများက တက်ရောက်ဆက်ကပ် လှူဒါန်းကြောင်း သိရသည်။
သတင်းစဉ်