ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်ရှိ ကျေးရွာ ၁၀ ရွာ စုပေါင်းရေပေးရေး ဖွင့်ပွဲကျင်းပ

 

နေပြည်တော်   မတ်   ၁၈


ကျေးလက်ဒေသ  ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက အကောင်အထည် ဖော်ဆောင်ရွက်ခဲ့သည့်    ရှမ်း ပြည်နယ်တောင်ပိုင်း     ပအိုဝ်း ကိုယ်ပိုင်     အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်ရှိ   ကျေးရွာ ၁၀ ရွာ စုပေါင်းရေပေးရေးဖွင့်ပွဲ အခမ်းအနားကို   ယနေ့နံနက်ပိုင်း က  ဝါးလီးကျေးရွာ၌   ကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဦးလှမိုး၊  ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ     ကျော်ထွန်းနှင့်    သက်ဆိုင်ရာတာဝန်ရှိသူများ တက် ရောက်ခဲ့ကြသည်။

 


အခမ်းအနားတွင်  ပြည်ထောင်စု ဝန်ကြီး   ဦးလှမိုးက    ယနေ့ ဖွင့်လှစ်သည့် ကျေးရွာ ၁၀  ရွာ ရေပေးရေးလုပ်ငန်းကဲ့သို့   စုပေါင်း ရေပေးရေးစနစ်များ   အောင်မြင် စွာ    ဆောင်ရွက်နိုင်ခဲ့မှုသည့်  ကျေးရွာ     ရေကော်မတီများ၏ ပူးပေါင်းဆောင်ရွက်မှု၊ နည်းပညာ များ          အစဉ်တိုးတက်စေရေး သုတေသနလုပ်ငန်းများ  ဆောင် ရွက်ခြင်း၊     နိုင်ငံတကာအဖွဲ့ အစည်းများနှင့်  ပူးပေါင်းဆောင် ရွက်ခြင်း  စသည့်လုပ်ငန်းများကို အစဉ်တစိုက်   ဆောင်ရွက်ပေး ကြောင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းတစ်ခု ဆောင်ရွက်ပြီးစီးသွားသည့်အခါ ရေရှည်တည်တံ့ ခိုင်မြဲရန်နှင့် နှစ် ရှည်လများ အကျိုးခံစားခွင့်ရှိရန် အရေးကြီးသည့်အတွက် ကျေးရွာ သူ၊ ကျေးရွာသားများက တန်ဖိုး ထားပြီး အကျိုးရှိရှိ အသုံးပြုကြရန် တိုက်တွန်းမှာကြား  လိုပါကြောင်း ပြောကြားသည်။

 


ဆက်လက်၍    ပြည်နယ် ဝန်ကြီးချုပ်က       ရှမ်းပြည်နယ် အတွင်း ကျေးရွာပေါင်း ၃၈၂၈ ရွာ မှာ  လုပ်ငန်းပေါင်း ၃၈၆၃ ခုကို အကောင်အထည်ဖော်   ဆောင် ရွက်နိုင်ခဲ့သည်ကို   တွေ့ရှိရပြီး အိမ်ခြေ ၁၈၀၀၀၀ ကျော်ရှိ လူဦး ရေ  ၉၁၅၀၀၀ ကျော် အကျိုးပြုခဲ့ သည်ကို     တွေ့ရှိရမည်ဖြစ်ပါ ကြောင်း၊ ရေလွှမ်းခြုံမှုအနေဖြင့် ကြည့်မည်ဆိုလျှင်  ရှမ်းပြည်နယ် တစ်ခုလုံး၏   ၈၇ ရာခိုင်နှုန်း လွှမ်းခြုံသည်ကို       တွေ့ရှိရပါ ကြောင်း ပြောကြားသည်။

 


ယင်းနောက်  ရှမ်းပြည်နယ် တောင်ပိုင်း ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ပြည်နယ် ဦးစီးမှူး    ဦးမောင်မောင်ဝင်းက ရှင်းလင်းတင်ပြပြီး   ကျေးရွာနေ ပြည်သူတစ်ဦးက   ကျေးဇူးတင် စကား              ပြန်လည်ပြောကြား သည်။
ယင်းနောက်  ကျေးရွာ ၁၀ ရွာ စုပေါင်းရေပေးရေး ရေထိန်းဘား များကို    ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် တင်ကိုကို၊ တိုင်းရင်းသား ရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပအိုဝ်း     ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်  ဦးခန့်ဇော် တို့က ဖွင့်လှစ်ပေးသည်။

 


ယင်းနောက်   ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည်  ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ အကောင်အထည်ဖော်  ဆောင် ရွက်လျက်ရှိသည့်    ပင်လောင်း မြို့နယ်    ‌နန်းအွန်ကျေးရွာရှိ ကုန်ထုတ်လမ်း အရှည်  တစ်မိုင် ၅ ဒသမ ၁ ဖာလုံ ဆောင်ရွက်ပြီးစီး မှု အခြေအနေကိုလည်းကောင်း၊ တောင်သူများ၏          ဟင်းသီး ဟင်းရွက်စိုက်ခင်းများ  ရေရှိရေး  ဆိုလာစနစ်ဖြင့် Pilot ဆောင်ရွက် ပေးထားမှုနှင့်          ဆက်လက် ဆောင်ရွက်ပေးမည့်  အစီအစဉ် များကို လည်းကောင်း၊ ညောင်ရွှေ မြို့နယ်          စိုက်ပျိုးရေးကျေးရွာ ကုန်ထုတ်သမဝါယမအသင်း၏ ဗေဒါမြေဆွေးမှ         မြေဩဇာ ထုတ်လုပ်နေမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ မှာကြားသည်။ 

 


ထို့နောက်          ပြည်ထောင်စု ဝန်ကြီးနှင့်          အဖွဲ့သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ တာဝန် ရှိသူများနှင့်တွေ့ဆုံ၍ ပြည်တွင်း စားသုံးဆီဖူလုံစေရေး   နေကြာ တိုးချဲ့           စိုက်ပျိုးရေးအတွက် စိုက်ပျိုးရေး၊   မွေးမြူရေးနှင့် ဆည်မြောင်း     ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်   ပေးမည့် အစီအစဉ်များဖြစ်သည့်  မတည် ရန်ပုံငွေလုပ်ငန်း၊   သွင်းအားစု လုပ်ငန်း၊ ဆိုလာစနစ် ရေရရှိရေး လုပ်ငန်းများနှင့်    စပ်လျဉ်း၍ ဆွေးနွေးမှာကြားသည်။


သတင်းစဉ်