
နေပြည်တော် ဇန်နဝါရီ ၂၆
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို မြို့နယ်၌ “ကျော်ဇောလင်း” ရွှေဆိုင်အား အမျိုးသားငါးဦး (စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ် ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်း များ လုယက်ယူဆောင်မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၅ ရက် မွန်းလွဲ ၂ နာရီတွင် ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ် ဘန့်ဘွေးကျေးရွာ အမှတ်(၄)ရပ်ကွက် မန္တလေး-မူဆယ်ကား လမ်းဘေးရှိ အဆိုပါရပ်ကွက်နေ ဦးကျော်ဇော်လင်း(ခ) ဇော်လင်း ဦး(၄၈နှစ်) (ဘ) ဦးတင်သန်း ပိုင်ဆိုင်သော “ကျော်ဇောလင်း” ရွှေဆိုင်၌ အရောင်းဝန်ထမ်း ဒေါ်စုစု(၄၄နှစ်) (ဘ)ဦးလှထူးနှင့် မခြူးစံ (စိစစ်ဆဲ)တို့သည် ဆိုင် ကောင်တာတွင်ရှိနေပြီး ကျန် ဝန်ထမ်းလေးဦးမှာဆိုင်ရှိ ထမင်း စားခန်းအတွင်း ထမင်းစားလျက် ရှိနေစဉ် ဆိုင်ရှေ့သို့ WISH အမျိုး အစားမော်တော်ယာဉ် တစ်စီးဖြင့် Mask အမည်းရောင်တပ်ဆင်ထား သော အမျိုးသားငါးဦး ရောက်ရှိ လာပြီး အမျိုးသားတစ်ဦးမှာ ၎င်း ယာဉ်ပေါ်တွင် အသင့်စောင့်နေ ကြောင်း၊ ကျန်အမျိုးသားလေးဦး တို့မှာ ပစ္စတိုသေနတ်တစ်လက် နှင့် တုတ်/ဓားများ ကိုင်ဆောင်၍ ဆိုင်အတွင်းသို့ ဝင်ရောက်လာပြီး သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ် ကာ ဆိုင်ကောင်တာတွင်ရှိနေသူ အရောင်းဝန်ထမ်း ဒေါ်စုစုနှင့် မခြူးစံတို့နှစ်ဦးကို ထိုင်ခိုင်းပြီး ရွှေကောင်တာအတွင်းရှိ ရွှေ ဆွဲကြိုး ၂၂၁ ကုံး၊ အလေးချိန် ၁၅၁ ကျပ်သား လေးပဲ၊ ရွှေလက်ကောက် ၅၉ ကွင်း၊ အလေးချိန် ၂၂ ကျပ်သား ၈ ပဲ၊ ရွှေဆွဲသီး ၁၄၅ ခု၊ အလေးချိန် ၃၁ ကျပ်သား ၈ ပဲ၊ ရွှေဟန်းချိန်း ၁၆ ခု၊ အလေးချိန် ၁၆ ကျပ်သား ၄ ပဲ၊ ရွှေဆံကုပ်တစ်ခု၊ အလေးချိန် ၃ ပဲ၊ စုစုပေါင်း ရွှေထည်ပစ္စည်း မျိုးစုံ (အလေးချိန် နှစ်ပိဿာ ၂၁ ကျပ်သား၊ တန်ဖိုးငွေကျပ် ၃၇၆၀၂၀၀၀၀ ခန့်) ကို ကျောပိုး အိတ်အတွင်းထည့်၍ လုယက် ယူဆောင်ကာ နောင်ချိုမြို့ဘက်သို့ မော်တော်ယာဉ်ဖြင့် မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း သိရ သည်။
ထိုကဲ့သို့ သေနတ်ဖြင့် ပစ်ခတ် ခြိမ်းခြောက်၍ ရွှေဆိုင်ရှိ ရွှေထည် ပစ္စည်းများ လုယက်ယူဆောင် သွားခဲ့သည့် အမျိုးသားငါးဦးကို ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့် အညီ အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက အသေးစိတ် ပိတ်ဆို့စစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။
သတင်းစဉ်