ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ချင်းပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ကျင်းပ

 

နေပြည်တော်   ဇန်နဝါရီ    ၅


ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ချင်းပြည်နယ်အတွင်း  ဆောင်ရွက်လျက်ရှိသည့်    ကိုဗစ်-၁၉     ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးများကို သက်ဆိုင်ရာပြည်နယ် နှင့်တိုင်းစစ်ဌာနချုပ်တို့ရှိ အစည်းအဝေးခန်းမများ၌ ယနေ့    ကျင်းပရာ      ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်၊  သက်ဆိုင်ရာ  တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 


ဦးစွာ   ပြည်နယ်ဝန်ကြီးချုပ်များနှင့်   တိုင်းမှူး များက အဖွင့်အမှာစကားများ အသီးသီးပြောကြား ကြသည်။ ထို့နောက် အစည်းအဝေး တက်ရောက် လာကြသူများက ပြည်နယ်များအတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ နှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ ပြည်နယ် ဝန်ကြီးချုပ်များနှင့် တိုင်းမှူးများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း      ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။                            

 သတင်းစဉ်