
ရမ်းဗြဲ မေ ၁
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်၌ ရမ္မာဝတီရိုးရာ လှေပြိုင်ပွဲကို နှစ်စဉ် ကဆုန်လပြည့်ကျော်၊ မေလ အတွင်း ကျင်းပလေ့ရှိရာ ယခုနှစ်တွင် ကဆုန်လပြည့် ကျော် ၂ ရက်မှ ၅ ရက် (မေ ၁၆ ရက်မှ ၁၉ ရက်)အထိ ရိုးရာလှေပြုင်ပွဲကျင်းပရာနေရာတွင် လေးရက် တိုင် ကျင်းပမည်ဖြစ်သည်။
အဆိုပါ ရမ္မာဝတီရိုးရာလှေပြိုင်ပွဲကို အောင်မြင် စွာကျင်းပနိုင်ရန်အတွက် ပြိုင်ပွဲကျင်းပရေးကော်မတီ အနေဖြင့် ကံစမ်းမဲလက်မှတ်များ ရောင်းချခြင်း၊ ပြိုင်ပွဲကျင်းပရေး ဗဟိုကော်မတီမဏ္ဍပ်တည်ဆောက် ခြင်း၊ တာလွှတ်စက်၊ တာဖမ်းစက်နေရာများ တည် ဆောက်ခြင်းတို့ကို ပြင်ဆင်ထားရှိပြီးဖြစ်ကြောင်း သိရသည်။
ရမ္မာဝတီ ရိုးရာလှေပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင် ကြမည့်လှေများမှာလည်း ယခုအချိန်တွင် လေ့ကျင့် ပြင်ဆင်လျက်ရှိကာ ယခုနှစ်ပြိုင်ပွဲတွင် ယခင်နှစ်များ နှင့် မတူဘဲ ရမ်းဗြဲမြို့နယ်အတွင်းမှ ယခင်ဝင်ရောက် ယှဉ်ပြိုင်နေကြသော ကျေးရွာများမှ ပြိုင်ပွဲဝင်လှေများ သာမက ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ လှေများကိုလည်း ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ထား ကြောင်း သိရသည်။
ပြိုင်ပွဲတွင် ပြိုင်ပွဲစည်းကမ်းများကို ရမ္မာဝတီ ရိုးရာလှေပြိုင်ပွဲ စည်ကမ်းချက်များအတိုင်း ကျင်းပ မည်ဖြစ်ကာ ပြိုင်ပွဲကျင်းပရာတွင် လှေပြိုင်ပွဲနှင့် အတူ ရခိုင်ရိုးရာကျင်ပွဲ၊ နေ့ ည ဇာတ်သဘင်ပွဲများ ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အောင်နိုင်(ပြန်/ဆက်)