
မိတ္ထီလာ ဒီဇင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်း ကျောင်းမှ တစ်ဦးချင်းဝင်ငွေ တိုးပွားပြီး ဒေသ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လျှပ်စစ် သံဂဟေဆက်နည်းစဉ်များကို စနစ်တကျ အသုံးချသုံးတတ်စေရေးတို့အတွက် အခြေခံ သံဂဟေဆက်နည်းသင်တန်းကို အခမဲ့ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရ သည်။
ရက်ကန်းနှင့် အသက်မွေးပညာသင်တန်း ကျောင်း(မိတ္ထီလာ)မှ အကြောင်းအမျိုးမျိုး ကြောင့် အတန်းပညာဆက်လက်မသင်ယူနိုင် သူများ အသက်မွေးဝမ်းကျောင်းပညာရပ်ဖြင့် အသက်မွေးနိုင်ရန်၊ အသေးစား စက်မှုလက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ မိသားစု တစ်ပိုင်တစ်နိုင်လုပ်ငန်းများ ဖြစ်ထွန်းတိုးပွား လာစေရန်၊ အသေးစားစက်မှုလုပ်ငန်းရှင်များ ဖြစ်လာစေရန်၊ တစ်ဦးချင်းဝင်ငွေ တိုးပွား၍ ဒေသဖွံ့ဖြိုးတိုးတက်လာစေရန်၊ လျှပ်စစ် သံဂဟေဆက်နည်းစဉ်များကို စနစ်တကျ အသုံးချတတ်စေရန်နှင့် အခြေခံ သံပန်း၊ သံတံခါးပြုလုပ်နည်းပညာ ရရှိစေရန် ရည်ရွယ်၍ အခြေခံလျှပ်စစ်သံဂဟေ ဆက်နည်းသင်တန်းကိုသင်တန်းသား ၁၀ ဦး ဖြင့် ဒီဇင်ဘာ ၂၇ ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၅ ရက်အထိ သင်တန်းကာလ တစ်လကြာ အခမဲ့ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း ကျောင်းအုပ်ကြီး ဒေါ်ခင်စန်းတင်ထံမှ သိရ သည်။
အဆိုပါသင်တန်းတွင် ဘေးအန္တရာယ် ကင်းရှင်းရေး၊ သံဂဟေဆက်ခြင်းဆိုင်ရာ အခြေခံများ၊ အခြေခံလျှပ်စစ်သံဂဟေဆက်၊ သံပန်း၊ သံတံခါး လက်တွေ့ပြုလုပ်ခြင်း၊ ထုတ်ကုန်ထုတ်လုပ်ခြင်းနှင့် ကုန်ကျစရိတ် တွက်ချက်ခြင်း စသည့်ဘာသာရပ်များကို နေ့စဉ် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)