ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ရေသိုလှောင်ထားရှိမှုနှင့် ရေဖြန့်ဝေပေးနေမှု ကြည့်ရှုစစ်ဆေး

 

စစ်တွေ    နိုဝင်ဘာ   ၂၆


ရခိုင်ပြည်နယ်        ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်း  စစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်ချုပ်   ထင်လတ်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာ  တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက  စစ်တွေမြို့ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းအမှိုက်ကောက် သန့်ရှင်း ရေးဆောင်ရွက်နေမှုနှင့် စစ်တွေ မြို့သို့ သောက်သုံးရေ ဖြန့်ဝေပေး လျက်ရှိသော    ကန်တော်ကြီး၌ ရေသိုလှောင်ထားရှိမှု၊ ရေဖြန့်ဝေ ပေးနေမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။

 


ရှေးဦးစွာ  ပြည်နယ်ဝန်ကြီး ချုပ်နှင့်      အဖွဲ့သည်      စစ်တွေ လေဆိပ်အဝင်လမ်း၊    လမ်းဆုံမှ လေဆိပ်အဝင်အထိ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ   စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်နေမှုကို လည်းကောင်း၊  စစ်တွေမြို့ တိုင်း ရင်းဆေးရုံ၌ စစ်တွေတပ်နယ်မှ နယ်မြေခံ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့်   ဌာနဆိုင်ရာ များ     စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေး   ဆောင်ရွက်နေမှု ကို   လည်းကောင်း   သွားရောက် ကြည့်ရှုအားပေးကြသည်။ 

 


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ပေါ် ရပ်ကွက်များသို့ သောက်သုံးရေ ဖြန့်ဝေပေးလျက်ရှိသော ကန်တော် ကြီးသို့         သွားရောက်ကြည့်ရှု စစ်ဆေးကြရာ ပြည်နယ်စည်ပင် သာယာရေးအဖွဲ့  ညွှန်ကြားရေးမှူး ဦးကျော်မိုးက    ရေသိုလှောင်ထား ရှိမှု၊    မြို့ပေါ်ရပ်ကွက်များသို့ သောက်သုံးရေ   ဖြန့်ဝေပေးနေမှု အခြေအနေ၊     ကန်တော်ငယ်မှ ရေဖြည့်တင်း ဖြန့်ဝေပေးနေမှုနှင့် နွေရာသီတွင် ရေဖြန့်ဝေပေးနိုင် ရေး ဆောင်ရွက်မည့်အခြေအနေ တို့ကို ရှင်းလင်းတင်ပြသည်။

 


တင်ပြချက်များ      အပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်များက   နွေရာသီ ရေအခက်အခဲ   မရှိစေရေးအတွက် ဆောင်ရွက်နိုင်မည့်  အခြေအနေ များကို ဆွေးနွေးပြောကြားကြပြီး လိုအပ်သည်များ    သက်ဆိုင်ရာ ဌာနများမှ     တာဝန်ရှိသူများနှင့် ပေါင်းစပ်    ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်