ရခိုင်ပြည်နယ်ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများအား စစ်ရေယာဉ်များဖြင့် ပို့ဆောင်

 

နေပြည်တော်   မေ  ၁၈


အလွန့်အလွန်အားကောင်းသော    ဆိုင်ကလုန်း မုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ် မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ   မုန်တိုင်း ဒဏ်သင့်ပြည်သူများအား လိုအပ်သောပစ္စည်း များ   ကူညီထောက်ပံ့မှုများ   ပေးနိုင်ရန်     တပ်မတော်(ရေ)မှ ၂၉  မီတာ ကမ်းထိုးရေယာဉ် တစ်စင်းသည်        အမျိုးသားသဘာဝဘေး အန္တရာယ်စီမံခန့်ခွဲရေးကော်မတီမှ    World bank မိုးကာလိတ် ၆၀ ၊ World bank (5.5m x 6m) မိုးကာစ ၅၀၊ World bank မိုးကာတဲ ကိုးလုံး၊ စင်ကာပူမိုးကာတဲအလုံး ၃၀၊ ကျားဝတ် လုံချည် အထည်   ၁၀၀၀၊ မဝတ်လုံချည်အထည် ၁၀၀၀၊ တီရှပ်အထည် ၂၀၀၀၊ စောင်အထည် ၁၀၀၀၊ တဘက်အထည် ၁၀၀၀၊  ခြင်ထောင် အထည် ၁၀၀၀၊ ဆပ်ပြာအထောင့်   ၁၀၀၀၊ ကလေး(ကျား) ကျောင်းဝတ်စုံ ၁၀၀၀၊ ကလေး (မ) ကျောင်းဝတ်စုံ  ၁၀၀၀၊ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်မှ  ဒီဇယ်ဆီအလုံး   ၂၀၊  ဓာတ်ဆီငါးလုံး  စုစုပေါင်း ၁၀ တန်တို့အား   ရေချမ်းပြင်ချောင်းဝအနီးမှ   တင်ဆောင်ပြီး   ရသေ့တောင်သို့    ပို့ဆောင်ပေးရန်    ယနေ့   မွန်းလွဲပိုင်းတွင် ထွက်ခွာသွားသည်။

 


အလားတူ ၂၉ မီတာ ကမ်းထိုးရေယာဉ် တစ်စင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ   ရေသန့်စက်ယာဉ်တစ်စီး၊   CANOPY အမိုးစိမ်းအထည် ၈၀၊ ၆၀ ဆံ့ မိုးကာတဲ ၂၅ ခု၊ မိုးကာတဲဂျွိုင်းဆက် ရှစ်ထုပ်၊ မိုးကာတန်း ၂၅ စည်း၊ မိုးကာငုတ် နှစ်စည်း စုစုပေါင်း ၁၇.၅ တန်တို့အားလည်းကောင်း၊ ၂၉ မီတာ ကမ်းထိုး ရေယာဉ် တစ်စင်းသည် ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)မှ ရေသယ်ယာဉ်တစ်စီး၊ CANOPY အမိုးစိမ်းအထည် ၈၀၊ ၆၀ ဆံ့ မိုးကာတဲ ၂၅ ခု၊ မိုးကာတဲဂျွိုင်းဆက်  ခုနစ်ထုပ်၊  မိုးကာတန်း ၂၅ စည်း၊ မိုးကာငုတ် နှစ်စည်း စုစုပေါင်း ၁၅ တန်တို့အားလည်းကောင်း   စစ်တွေမြို့၌ တင်ဆောင်ထွက်ခွာလာပြီး    ရေချမ်းပြင်မှ တစ်ဆင့် ၂၉ မီတာ ကမ်းထိုးရေယာဉ် တစ်စင်း နှင့်အတူ  ရသေ့တောင်သို့   ပို့ဆောင်ပေးရန် ဆက်လက်ထွက်ခွာခဲ့ကြောင်း   သတင်းရရှိ သည်။    

                                
သတင်းစဉ်