ရခိုင်ပြည်နယ်ရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများအား တပ်မတော်(လေ)မှ လေယာဉ်များဖြင့် ဆက်လက်ပို့ဆောင်

 

နေပြည်တော်  မေ   ၁၈


တပ်မတော်အနေဖြင့်   ဆိုင်ကလုံးမုန်တိုင်း   မိုခါ (MOCHA)တိုက်ခတ်မှုကြောင့် ပျက်စီဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် ဒေသများသို့ ကူညီကယ်ဆယ်ရေး အဖွဲ့များအား စုဖွဲ့စေလွှတ်၍    လိုအပ်သည့်    ကူညီ ကယ်ဆယ်ရေးလုန်ငန်းများကို    ဆောင်ရွက်ပေး လျက်ရှိသည့်အပြင် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများ၊ စေတနာရှင်အလှူရှင်များက လှူဒါန်း သည့်  စားသောက်ဖွယ်ရာများ၊  ကူညီထောက်ပံ့ရေး ပစ္စည်းများ၊     အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ပေးအပ် သည့် ပစ္စည်းများကိုလည်း တပ်မတော်လေယာဉ်၊  ရဟတ်ယာဉ်များ၊ ရေယာဉ်များဖြင့် ကူညီပို့ဆောင် ပေးလျက်ရှိသည်။

 


ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ      ယနေ့တွင် သဘာဝဘေးဒဏ်သင့်    ဒေသများတွင်    ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများနှင့်      ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး  ရန်ကုန်တိုင်းဒေသကြီးမှ     ကျန်းမာရေးဝန်ထမ်း များနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များ  ပါဝင်သည့် အင်အား ၂၈ ဦးနှင့် အိမ်သာခွက်များ၊ အိမ်သာပိုက်များ၊ ငါးခြောက်ကြော်များ၊ ခေါက်ဆွဲခြောက်များ၊ အာလူး များ၊    ဘီစကစ်မုန့်များ၊     ကြက်သားဘူးများ၊ ငါးသေတ္တာဘူးများ၊ ဝက်/ ကြက်အူချောင်းထုပ်များ၊ မိုးကာလိပ်များ၊        ဆက်သွယ်ရေးပစ္စည်းများ၊ ဆေးပစ္စည်းများ၊ MPT ဆက်သွယ်ရေးပစ္စည်းများနှင့် ကူညီကယ်ဆယ်ရေးပစ္စည်းများကို တင်ဆောင်၍ ရန်ကုန်မြို့ရှိ မင်္ဂလာဒုံလေဆိပ်မှ စစ်တွေလေဆိပ်သို့ တပ်မတော်လေယာဉ်များဖြင့် သုံးခေါက် ပို့ဆောင် ပေးခဲ့သည်။

 


ဆက်လက်ဖြန့်ဝေသွားမည်


အဆိုပါ တပ်မတော်လေယာဉ်များဖြင့်  ရောက်ရှိ လာသောပစ္စည်းများကို တာဝန်ရှိသူများက လက်ခံ ရယူခဲ့ကြကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက် ဖြန့်ဝေသွားမည်ဖြစ်ကြောင်း  သတင်းရရှိသည်။ 


သတင်းစဉ်