ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့များသို့ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးလျက်ရှိသော မဟာဓာတ်အားလိုင်း ဖောက်ခွဲဖျက်ဆီးခံရမှုအခြေအနေအား သတင်းထုတ်ပြန်ခြင်း

 

၂၀၂၂ ခုနှစ်  နိုဝင်ဘာလ   ၁၇  ရက်
ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့ (၁၃) မြို့သို့ လျှပ်စစ်ဓာတ်အား  ၆၀ မဂ္ဂါဝပ်ခန့်  ပို့လွှတ်ဖြန့်ဖြူးပေးလျက်ရှိသော ၂၃၀ ကေဗွီ မင်းဘူး (မန်း) - အမ်း မဟာဓာတ်အားလိုင်း၏ တာဝါတိုင်(၁) တိုင်ကို NUG လက်ဝေခံ PDF အကြမ်းဖက်သောင်းကျန်းသူများမှ ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ  ဝန်ထမ်းများသည် လျှပ်စစ်မီးသုံးစွဲသူပြည်သူများသို့ လျှပ်စစ်ဓာတ်အား  စဉ်ဆက်မပြတ်  ဆက်လက်ဖြန့်ဖြူးနိုင်ရေးအတွက် အမြန်ဆုံးပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။                                                                                                           
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန