
နေပြည်တော် မေ ၂၄
ရခိုင်ပြည်နယ်အတွင်းရှိ သဘာဝ ဘေးဒဏ်သင့် ပြည်သူများ အတွက် ကူညီကယ်ဆယ်ရေး ပစ္စည်းများ၊ ပြန်လည်ထူထောင် ရေးပစ္စည်းများနှင့် စားသောက် ဖွယ်ရာပစ္စည်းများကို တပ်မတော် ရေယာဉ်များ၊ လေယာဉ်/ရဟတ် ယာဉ်များ၊ မော်တော်ယာဉ်များ ဖြင့် နေ့စဉ်ပို့ဆောင်ပေးလျက်ရှိ သည်။
ထိုသို့ ပို့ဆောင်ပေးလျက် ရှိရာ ယနေ့ မွန်းလွဲပိုင်းတွင် တပ်မတော်(ရေ)မှ ၂၉ မီတာ ကမ်းထိုးရေယာဉ် ပထမအစီး သည် ဆိုလာအစုံ ၂၀၀ ၊ Ground-Sheet များ၊ ရွက်ဖျင်တဲများ၊ အိပ်ရာခင်းများ၊ အဝတ်အထည် များ၊ စားသောက်ဖွယ်ရာပစ္စည်း များ၊ ပြည်လည်ထူထောင်ရေး အသုံးအဆောင် ပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ စုစုပေါင်းကုန်တန်ချိန် ၄၅ တန်ခန့်တို့အား စစ်တွေ ကမ်းထိုးရပ်၌ တင်ဆောင်၍ ရသေ့တောင်သို့ လည်းကောင်း၊ ၂၉ မီတာ ကမ်းထိုးရေယာဉ် ဒုတိယအစီးသည် ကယ်ဆယ်ရေး အဖွဲ့များ၊ သွပ်ဆိုဒ်စုံချပ် ၆၀၀၀၊ မိုးကာတဲ ၄၂ ထုပ်၊ မိုးကာလိပ် ၁၂၅ လိပ် စုစုပေါင်းကုန်တန်ချိန် ၄၂ တန်ခန့်တို့အား မင်းဂံ ကမ်းထိုးရပ်မှ တင်ဆောင်၍ ရသေ့တောင်သို့လည်းကောင်း၊ ၂၉ မီတာ ကမ်းထိုးရေယာဉ် တတိယ အစီးသည် ဆောက်လုပ်ရေး လုပ်ငန်းသုံး backhoe သုံးစီး၊ ရိက္ခာထုပ် ၁၉၂ ထုပ်နှင့် စား သောက်ကုန်များ စုစုပေါင်းကုန် တန်ချိန် ၁၁ တန်ခန့်တို့အား တင်ဆောင်၍ ရေချမ်းပြင်ကမ်းထိုး ရပ်မှ ရသေ့တောင်ကမ်းထိုးရပ် သို့လည်းကောင်း၊ ၅၆ မီတာ ကမ်းထိုးရေယာဉ် တစ်စီးသည် ကယ်ဆယ်ရေးအဖွဲ့များ၊ ဆောက် လုပ်ရေးလုပ်ငန်းသုံး ယာဉ် WHEEL LOADER တစ်စီး၊ EXCAVATOR သုံးစီး စုစုပေါင်း ကုန်တန်ချိန် ၃၀ ခန့်တို့ကိုအငူမော် ကမ်းထိုးရပ်၌ တင်ဆောင်၍ စစ်တွေမြို့သို့ လည်းကောင်း အသီးသီးပို့ဆောင်ပေးခဲ့ကြသည်။
အလားတူ ထောက်ပံ့ရေး ရေယာဉ်(ပြည်တော်အေး-၃)သည် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းမှ သွပ်ချပ် ၅၀၀၀၀(၁၁လိုင်း)၊ သွပ် (၉လိုင်း) ၁၈၆၇၅ ချပ်၊ SIGMA မီးကြိုးခွေ ၂၉၄ ထုပ်၊ လူသုံးကုန် ပစ္စည်းများ၊ သံဖာ ၁၁၄၀ ၊ အချို ရည်မျိုးစုံဖာ ၈၀ ၊ သောက်ရေသန့် ဘူးခွံကြီး ဘူး ၅၅၀၊ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးမှ Angle ချောင်းများ၊ U Beam သံချောင်း များနှင့် သွပ်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ စားသောက်ဖွယ်ရာ ပစ္စည်းများ၊ မြန်မာ့စီးပွားရေးဦးပိုင် အများနှင့် သက်ဆိုင်သော ကုမ္ပဏီ လီမိတက်မှ သောက်ရေသန့်ဘူး များ၊ စားသောက်ဖွယ်ရာပစ္စည်း များ၊ မိုးကာအင်္ကျီ၊ ဆေးပစ္စည်း များ၊ Wet Tissue၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ စားသုံးဆီနှင့် ဆန်၊ ရွှေသံလွင်ကုမ္ပဏီမှ မီးဖိုချောင်သုံး ပစ္စည်းများ၊ ဆန်အိတ် ၈၀၀ ၊ မီးစက် တစ်လုံးနှင့် စားသောက် ဖွယ်ရာပစ္စည်းများ၊ ဆက်သွယ် ရေးဌာနမှ မီးစက် ၁၂ လုံး၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ Gas(LPG)မီးဖိုအလုံး ၁၀၀၀၊ 220g Gas ဘူး ၄၀၀၄ လုံး စုစုပေါင်း ကုန်တန်ချိန် ၆၉၆ တန်ခန့်တို့အား တင်ဆောင်၍ ယနေ့ ညနေပိုင်း တွင် ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ထွက်ခွာခဲ့သည်။
အဆိုပါ စစ်ရေယာဉ်များမှ သယ်ဆောင်လာသည့် ဆောက် လုပ်ရေးလုပ်ငန်းသုံး ယာဉ်များ၊ ထောက်ပံ့ရေးနှင့် ကယ်ဆယ်ရေး ပစ္စည်းများအား တာဝန်ရှိသူများ ထံသို့ စနစ်တကျ လွှဲပြောင်း ပေးအပ်ခဲ့ပြီး မုန်တိုင်းဒဏ်သင့် ပြည်သူများထံသို့ အမြန်ဆုံး ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်