
ဆိုင်ကလုန်းမုန်တိုင်း မိုခါ ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ
မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေးနှင့်ကူညီကယ်ဆယ်ရေးပစ္စည်းများအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်ဖြင့် ပို့ဆောင်
နေပြည်တော် ဇွန် ၂၀
ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ဖြတ်သန်းတိုက်ခတ် မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ် အတွင်းရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအား လိုအပ်သော ပစ္စည်းများ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ရန် တပ်မတော် (ရေ)မှ ၂၉ မီတာကမ်းထိုးရေယာဉ် တစ်စင်းသည် ရခိုင်ပြည်နယ် အစိုးရမှ စည်သွတ်ဘူး ၁၃၅၇ ဖာ၊ ပဲဖာ ၄၅၀ နှင့် မျောတိုင် ၅၆၈ ချောင်း စုစုပေါင်းကုန်တန်ချိန် ၃၄ တန် အား ရေချမ်းပြင်ကမ်းထိုးရပ်မှ ဘူးသီးတောင်သို့ ယနေ့နံနက်ပိုင်း တွင် ပို့ဆောင်ပေးခဲ့သည်။
အဆိုပါ စစ်ရေယာဉ်မှ သယ်ဆောင်လာသည့် ထောက်ပံ့ ရေးနှင့် ကယ်ဆယ်ရေးပစ္စည်းများ အား တာဝန်ရှိသူများထံသို့ စနစ်တကျ လွှဲပြောင်းပေးအပ် ၍ မုန်တိုင်းဒဏ်သင့်ပြည်သူ များထံသို့ အမြန်ဆုံး ဖြန့်ဝေပေး သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်