ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေးနှင့် ကူညီကယ်ဆယ်ရေးပစ္စည်းများအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် ပို့ဆောင်

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေးနှင့် ကူညီကယ်ဆယ်ရေးပစ္စည်းများအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် ပို့ဆောင်

 

နေပြည်တော်  မေ  ၂၃
အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်း   တိုက်ခတ်မှုကြောင့်  ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ် ပေါ်ခဲ့သော ရခိုင်ပြည်နယ် စစ်တွေ မြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများ အား     လိုအပ်သောပစ္စည်းများ ကူညီထောက်ပံ့မှုများ ဆောင်ရွက် ပေးနိုင်ရန်   တပ်မတော်(ရေ)မှ ၅၆ မီတာ   ကမ်းထိုးရေယာဉ်    ပထမအစီးသည်    မြန်မာ့သစ် လုပ်ငန်း(ရခိုင်ပြည်နယ်)၊ သံတွဲ သစ်ထုတ်ရေးဒေသ၊ တောင်ကုတ် နယ်၊ ထန်း တောင်ကွင်းသစ်ဆိပ်မှ ကညင်ခွဲသား ၉၆၀၊ စကားဝခွဲသား ၆၇ ချောင်း   စုစုပေါင်းကုန်တန်ချိန် ၁၁၄  ဒသမ   ၆၀၂၂   တန်တို့ကို မေ ၂၂ ရက် နံနက်ပိုင်းတွင် တောင် ကုတ်ကမ်းထိုးရပ်၌ တင်ဆောင်၍ ယနေ့ နံနက်ပိုင်းတွင်  စစ်တွေမြို့ Essar  တံတားသို့   ရောက်ရှိခဲ့ သည်။ 
ပြည်သူများထံ အမြန်ဆုံး ဖြန့်ဝေပေးသွားမည်
အလားတူ ၅၆ မီတာ ကမ်းထိုး ရေယာဉ်ဒုတိယအစီးသည်   စစ် အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး မှ တပ်ဖွဲ့ဝင် ရှစ်ဦး၊ ဆောက်လုပ် ရေးလုပ်ငန်းသုံးယာဉ် WA-320 WHEEL LOADER တစ်စီး ၊ MI-2 EXCAVATOR သုံးစီး စုစုပေါင်း ကုန်တန်ချိန်   ၃၅  တန်တို့ကို အငူမော်ကမ်းထိုးရပ်၌ တင်ဆောင် ၍ ယနေ့ နေ့လယ်ပိုင်းတွင် စစ်တွေ မြို့သို့     ပို့ဆောင်ပေးခဲ့သည်။ အဆိုပါ   သယ်ဆောင်လာသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ယာဉ် များ၊ ထောက်ပံ့ရေးနှင့် ကယ်ဆယ် ရေးပစ္စည်းများအား တာဝန်ရှိသူ များထံသို့ စနစ်တကျ လွှဲပြောင်း ပေးအပ်ခဲ့ပြီး မုန်တိုင်းဒဏ်သင့် ပြည်သူများထံသို့      အမြန်ဆုံး ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။      သတင်းစဉ်