
ဆိုင်ကလုန်းမုန်တိုင်း မိုခါဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ
မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့် ထောက်ပံ့ရေးပစ္စည်းများအား တပ်မတော်(ရေ)မှ
တပ်ဖွဲ့တင်ရေယာဉ်(ချင်းတွင်း) ဖြင့် ပို့ဆောင်
နေပြည်တော် မေ ၁၉
အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား လိုအပ်သည့် သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ် ရေးလုပ်ငန်းများဆောင်ရွက်ရန် တပ်မတော်(ရေ) မှ တပ်ဖွဲ့တင်ရေယာဉ်(ချင်းတွင်း)သည် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် ၆၈၅ ဦး၊ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးမှ အရပ်သားဝန်ထမ်း ၁၀၇ ဦး၊ ကယ်ဆယ်ရေး သုံးပစ္စည်းများ၊ ရိက္ခာအမယ်စုံ၊ အထောက်အကူ ပြုပစ္စည်းများ၊ ဆန် အိတ်၂၀၀ နှင့် ဆောက်လုပ်ရေး သုံးပစ္စည်းများ စုစုပေါင်း ၂၅ တန်ခန့် တင်ဆောင်၍ ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်-စစ်တွေခရီးစဉ် အတိုင်း ထွက်ခွာကြသည်။
အဆိုပါ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချူပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူး ချုပ် ဝင်းမြင့်ခိုင်နှင့် တာဝန်ရှိသူများက လာရောက် ပို့ဆောင်နှုတ်ဆက်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တပ်ဖွဲ့ ဝင်များအား အမှာစကားပြောကြားပြီး ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က ထောက်ပံသည့် ထောက်ပံ့ ငွေကျပ်သိန်းတစ်ရာနှင့် ရေသန့်ဘူး ၂၀၀ တို့ကို တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပေးအပ်ရာ တာဝန်ရှိသူ တစ်ဦးက လက်ခံရယူခဲ့ကြောင်း သိရသည်။
သတင်းစဉ်