ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

 

နေပြည်တော်   မေ    ၂၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ     အနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)    တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်    ဒေသများကို    သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများ အဖြစ်ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာ ချက်များပါ ဒေသများတွင်  ပြန်လည်ထူထောင်ရေး လုပ်ငန်းများ   ဆောင်ရွက်နိုင်ရန်   ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေး ထားပြီးဖြစ်သည်။
ထိုသို့    ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ် တာဝန်ပေးအပ်ထားရှိ ရာ ယနေ့တွင် ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ် ကြီး   အေးဝင်းသည်   တာဝန်ရှိသူများနှင့်အတူ မုန်တိုင်းတိုက်ခတ်မှုကြောင့်    ပျက်စီးသွားခဲ့သည့် စာသင်ကျောင်းများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ     ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။  ထို့နောက် လေဘေးသင့်ပြည်သူများ ကို   နယ်လှည့်ဆေးကုသရေးအဖွဲ့က   ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း  ဆောင်ရွက်နေမှုများနှင့်  သောက်သုံးရေဖြန့်ဝေပေးနေမှုများ       သွားရောက် ကြည့်ရှုပြီး   စားသောက်ဖွယ်ရာများ   ထောက်ပံ့ ပေးအပ်ခဲ့သည်။
အလားတူ  ချင်းပြည်နယ်   ဟားခါးမြို့နယ်သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်သည် ပြည်နယ်ဝန်ကြီး ချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ်   ဒုတိယတိုင်းမှူး  ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဆိုင်ကလုန်းမုန်တိုင်း  (မိုခါ)  တိုက်ခတ်မှုကြောင့် လေဘေးသင့် အိမ်ထောင်စု ၈၂ စု အတွက် ဆန်၊ ဆီ၊ ဆား၊  ကုလားပဲ၊  ကြက်ဥ၊   ခေါက်ဆွဲခြောက်နှင့် အမိုးသွပ်များကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့အတူ ရသေ့တောင်မြို့သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ     ဗိုလ်ချုပ် အောင်မျိုးထွန်းသည်      တာဝန်ရှိသူများနှင့်အတူ မုန်တိုင်းတိုက်ခတ်မှုကြောင့်     ပြိုလဲသွားသည့် သစ်ပင်ကြီးများအား ခုတ်ထွင်ရှင်းလင်း ဆောင်ရွက် နေမှုနှင့် ဓာတ်အားလိုင်းများ ပြင်ဆင်ဆောင်ရွက်နေမှု များကို    ကြည့်ရှုအားပေးပြီး    လိုအပ်သည်များ မှာကြားခဲ့ကာ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အလားတူ   ရမ်းဗြဲမြို့သို့   ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ   ဗိုလ်မှူးချုပ် ဇော်မင်းအေးသည်  တာဝန်ရှိသူများနှင့်အတူ မုန်တိုင်း တိုက်ခတ်မှုကြောင့်  ပျက်စီးသွားခဲ့သည့်   စာသင် ကျောင်းများ၊ စာကြည့်တိုက်များ၊ သာသနိကအဆောက် အဦများ၊  ဌာနဆိုင်ရာ   အဆောက်အဦများအား   လိုက်လံကြည့်ရှုစစ်ဆေးပြီး  အလှူငွေများ ပေးအပ်၍   လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့အတူ မြေပုံမြို့သို့ရောက်ရှိနေသော ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်မှူးချုပ် ကျော်ကျော်စိုး သည် တာဝန်ရှိသူများနှင့်အတူ မုန်တိုင်းတိုက်ခတ်မှု ကြောင့် ပျက်စီးသွားခဲ့သည့်  သာသနိကအဆောက် အဦများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး အလှူငွေ များ လှူဒါန်းခဲ့သည်။ ထို့နောက် မြို့နယ်ပြည်သူ့ဆေးရုံ ရှိ လေဘေးသင့်ဒေသများမှ ဆေးကုသရန် ရောက်ရှိ နေသော လူနာများကို  သွားရောက်ကြည့်ရှုအားပေး စကားပြေားကြားပြီး အာဟာရဒါနအဖြစ် ကြက်ဥနှင့်  ခေါက်ဆွဲခြောက်များ လှူဒါန်းခဲ့သည်။
အလားတူ မြောက်ဦးခရိုင်  မင်းပြားမြို့နယ်သို့ ရောက်ရှိနေသော   ဗိုလ်မှူးချုပ်   ခင်ဇော်သည် တာဝန်ရှိသူများနှင့်အတူ မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် ဦးဥတ္တမပန်းခြံနှင့် အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်းတို့၌  မြို့နယ်ရှိ  ကူညီ ကယ်ဆယ်ရေးအဖွဲ့များက   စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး လိုအပ် သည်များ  ညှိနှိုင်းဆောင်ရွက်ပေးသည်။   ထို့နောက် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ တာဝန် ရှိသူတစ်ဦးက    သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီ၏ လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက် ပြီးစီးမှုကို  ကြည့်ရှုစစ်ဆေးပြီး ဇေယျသုခပရိယတ္တိ စာသင်တိုက်   ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း     ဒေသခံပြည်သူများအား  နယ်လှည့်ဆေးကုသရေး အဖွဲ့၏      ဆေးကုသပေးမှုများကို       ကြည့်ရှုကာ  အားပေးစကား ပြောကြားသည်။
ထို့အတူ မြောက်ဦးခရိုင်  မာန်အောင်မြို့နယ်သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် ကျော်ကျော်ဦးသည် တာဝန်ရှိသူများနှင့်အတူ    မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့်   တိုင်းရင်းဆေးကုဌာန၊   မြို့နယ် မိုးလေဝသစခန်း၊    မြို့နယ်ဥပဒေရုံး၊    မြို့နယ် အားကစားခန်းမနှင့်     ဘောလုံးပွဲကြည့်စင်များ ကြည့်ရှုစစ်ဆေးပြီး    လိုအပ်သည်များ    ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အလားတူ ချင်းပြည်နယ် တီးတိန်မြို့သို့ ရောက်ရှိ နေသော ဗိုလ်မှူးချုပ် ဝင်းကိုကိုသည် တာဝန်ရှိသူ များနှင့်အတူ သဘာဝဘေးဒဏ်သင့် ပြည်သူများကို ဒုတိယအကြိမ်  ထောက်ပံ့ပစ္စည်းများ   ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။                  သတင်းစဉ်