
နေပြည်တော် ဇွန် ၂၀
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ဆိုင်ကလုန်း မုန်တိုင်း မိုခါတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများ ကို သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများအဖြစ် ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသ များ၌ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိ ကြီးများကို ခန့်အပ်တာဝန်ပေး ထားပြီးဖြစ်သည်။
ထိုသို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ခန့်အပ်တာဝန်ပေးအပ် ထားရှိရာ ယနေ့တွင် ကျောက်ဖြူ မြို့၌ ရောက်ရှိနေသည့် ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး လူအေးသည် ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ သန်ပန်ချောင်းရပ်ကွက်သို့ သွားရောက်၍ ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေး အတွက် ပိတ်ဆို့နေသော စွန့်ပစ် ပလတ်စတစ်နှင့် အမှိုက်များ ပြန်လည်ဆယ်ယူ တူးဖော်နေမှု များကို ကြည့်ရှုစစ်ဆေးသည်။ ထို့ပြင် ငလပွေ့ရပ်ကွက်ရှိ ငလပွေ့ ဘုန်းတော်ကြီးကျောင်း၌ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို သွား ရောက် ကြည့်ရှုစစ်ဆေးသည်။
ထို့အတူ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့၌ ရောက်ရှိနေ သော ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းသည် ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ မြို့သစ် ရပ်ကွက်ရှိ ဝိမလလမ်းနှင့် မြို့လယ်ရေနုတ်မြောင်း အတွင်းရှိ အမှိုက်များကင်းစင်ရေးနှင့် ရေစီး ရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်းတူးဖော်ခြင်း လုပ်ငန်း များ ဆောင်ရွက်နေမှုများကို သွားရောက် ကြည့်ရှုအားပေး သည်။ ထို့နောက် မြို့သစ်ရပ်ကွက် ရှိ ဦးဥတ္တမခန်းမ၌ မုန်တိုင်းဒဏ် ကြောင့် ပျက်စီးခဲ့သည့် ကျေးရွာ အုပ်စု ၁၆ အုပ်စုတို့မှ ဒေသခံ ပြည်သူများအား ထောက်ပံ့ပစ္စည်း များပေးအပ်သည်။
အလားတူ ရခိုင်ပြည်နယ် မြောက်ဦးမြို့၌ ရောက်ရှိနေသော ဗိုလ်ချုပ် သောင်းထိုက်ရွှေသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ဇွန် ၁၉ ရက်တွင် အလယ်ဈေး ရပ်ကွက်ရှိ မဟာပညာသီဟာရာမ ပရိယတ္တိ စာသင်တိုက်နှင့် ဆင်ချ ဆိပ်ရပ်ကွက်ရှိ ရတနာတေဇာရမ္မ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများသို့ သွားရောက်၍ ဆရာတော်များအား ဖူးမြော် ကြည်ညိုကြပြီး ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့သော နဝကမ္မအဖြစ် ထောက်ပံ့ငွေများကို ဆက်ကပ် လှူဒါန်းသည်။
ထို့အတူ ချင်းပြည်နယ် ပလက်ဝမြို့၌ ရောက်ရှိနေသော ဗိုလ်မှူးချုပ် နေဝင်းအောင်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ယနေ့တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရှိ ကီမိုခန်းမ၌ မုန်တိုင်းဒဏ် ကြောင့် ပျက်စီးခဲ့သည့် မှုံးတနှုံး၊ မောစုန်းကြီး၊ ကြက်မအိုင်အရှေ့၊ ကျောက်ပျဉ်ထောင့်နှင့် ကျောက် ဖျာကျေးရွာတို့မှ စာသင်ကျောင်း များနှင့် ဘာသာ/သာသနာ အဆောက်အဦများ ပြန်လည် ပြုပြင်ရန်အတွက် ထောက်ပံ့ငွေများ ပေးအပ်ရာ သက်ဆိုင်ရာကျေးရွာ များမှ တာဝန်ရှိသူများက လက်ခံ ရယူပြီး(အပေါ်ပုံ) လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကြကြောင်း သတင်းရရှိသည်။ သတင်းစဉ်