
နေပြည်တော် နိုဝင်ဘာ ၂၉
ရခိုင်ပြည်နယ်အတွင်း စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁ ရက်မှ ယနေ့ အထိ အရပ်သား ပြည်သူ အမျိုးသမီး လေးဦး၊ အမျိုးသား ရှစ်ဦး၊ စုစုပေါင်း ၁၂ ဦး သေဆုံးခဲ့သည်ဟု အေအေပီပီ မှတ်တမ်းနှင့် သုတေသနဌာနက စောင့်ကြည့်လေ့လာမှုအရ သိရှိရ ကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာ တစ်ခုဖြစ်သည့် DVB သတင်းဌာန က သတင်းတု၊ သတင်းအမှားများ ရေးသား ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
တရားမဝင် ပြည်ဖျက်မီဒီယာများ အနေဖြင့် နိုင်ငံအတွင်း မတည်မငြိမ်ဖြစ် စေရန်နှင့် ဆူပူမှုများ ဖြစ်လာစေရန် အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန် သတင်းများ လုပ်ကြံဖန်တီး ရေးသား လျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံတကာမျက်နှာစာတွင် တပ်မတော် အား အထင်အမြင် လွဲမှားစေရန် အတွက်လည်း နည်းလမ်းမျိုးစုံ အသုံး ပြု၍ သွေးခွဲသပ်လျှိုလျက်ရှိသည်။
တပ်မတော်အနေဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူများ၏ အသက် အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့် ရှောက်ရေးတို့အတွက် အကြမ်းဖက် သမားများကို ထုတ်ပြန်ထားသည့် ထိတွေ့ တိုက်ခိုက်မှုစည်းမျဉ်း (Rules of Engagement-ROE) နှင့်အညီ အကြမ်းဖက် ချေမှုန်းရေးစစ်ဆင်ရေး (Counter - Terrorisn Operation) ကို တိကျစွာလိုက်နာ ဆောင်ရွက်လျက် ရှိပြီး ယခုတရားမဝင် ပြည်ဖျက် မီဒီယာက ရေးသားထားသည့် သတင်း မှာ မှန်ကန်မှုမရှိဘဲ တပ်မတော်မှ ပြည်သူများ နေထိုင်ရာနေရာများသို့ မည်သည့်အခါမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းမရှိကြောင်း၊ အကြမ်း ဖက် သောင်းကျန်းသူများသည် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် အတွက် ပြည်သူများ နေထိုင်ရာမြို့၊ ရွာများကို ရည်ရွယ်ချက်ရှိစွာ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း များသာရှိပြီး ထိုသို့ ပစ်ခတ်မှုများ ကြောင့် အပြစ်မဲ့ပြည်သူအချို့ သေဆုံး၊ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်