ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲကျင်းပ

 

စစ်တွေ   မတ်   ၁၆


ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော  ၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက စစ်တွေမြို့ သာသနာ့ဗိမာန်တော်၌ ကျင်းပ သည်။

 


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က သာသနာ ရေးဆိုင်ရာများ လျှောက်ထားပြီး ပြည်နယ်ဝန်ကြီး ချုပ်၊ တိုင်းမှူးနှင့်  ဇနီးတို့က ပင့်သံဃာများအား လှူဖွယ်ဝတ္ထုနှင့် နဝကမ္မများ ဆက်ကပ်လှူဒါန်းကြ ကာ ၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် တော်ရ ဆရာတော်ကြီးများအား ပြည်နယ်ဝန်ကြီး ချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊   ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ စစ်တွေတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (စစ်တွေ) ဒေသကွပ်ကဲရေးမှူးတို့က ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ၂၀၂၂ ခုနှစ်    သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီးအား ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်းက ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ် လှူဒါန်းသည်။

 

 
ထို့နောက် ပြည်နယ်သံဃနာယက အဖွဲ့ဥက္ကဋ္ဌ စစ်တွေမြို့ ဓမ္မသုခကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊  အဂ္ဂမဟာ   သဒ္ဓမ္မ ဇောတိကဓဇ၊  အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ သောမ မဟာထေရ်မြတ်ထံမှ   ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်များက   အနုမောဒနာ တရားနာယူ၍   ရေစက်သွန်းလောင်း အမျှပေးဝေကြ သည်။ ယင်းနောက် အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိတု’’     သုံးကြိမ်ရွတ်ဆို   ဆုတောင်းကာ အောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ်    ရခိုင်မင်္ဂလာ စည်တော်အဖွဲ့မှ အောင်စေသံ တီးခတ်ပြီး  အခမ်း အနားကို ရုပ်သိမ်းကြသည်။

 


ရခိုင်ပြည်နယ်အစိုးရအဖွဲ့က  ယနေ့နံနက်ပိုင်း တွင် ပြည်နယ်အစိုးရဧည့်ရိပ်သာ၌  ပင့်သံဃာများ နှင့် အဆိုပါသာသနာတော်ဆိုင်ရာ  ဘွဲ့တံဆိပ်တော် များ ဆက်ကပ်ခံရသော   ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ 

တင်ထွန်း(ပြန်/ဆက်)