ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် IDPs စခန်းများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   ဖေဖော်ဝါရီ   ၉ 


ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်း ရေးနှင့်  ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ  ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီဥက္ကဋ္ဌ   နယ်စပ်ရေးရာ ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး    ထွန်းထွန်း နောင်သည်    အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး    ဝန်ကြီး ဌာန       ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊  လူဝင်မှုကြီးကြပ်ရေး နှင့်  ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးမြင့်ကြိုင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန      ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊    ရခိုင် ပြည်နယ်ဝန်ကြီးချုပ်တို့နှင့်အတူ ဖေဖော်ဝါရီ ၈ ရက်  နံနက်ပိုင်းက စစ်တွေမြို့  ဘောဒူဖ  IDPs စခန်း သို့သွားရောက်၍ စခန်းရှိ  ဘင်္ဂါလီ များ၏  နေထိုင်စားသောက်မှုနှင့် ကျန်းမာရေး    အခြေအနေတို့ကို လှည့်လည်ကြည့်ရှု     စစ်ဆေးကြ သည်။

 


ထို့နောက်    ပြည်ထောင်စု ဝန်ကြီးများနှင့်    ပြည်နယ်ဝန်ကြီး ချုပ်တို့သည်    ကျောက်ဖြူမြို့ ကျောက်တစ်လုံး   IDP    စခန်း ပြောင်းရွှေ့      နေရာချထားမည့် နေရာသို့ရောက်ရှိရာ    ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်   ဌာန ဆိုင်ရာ      တာဝန်ရှိသူများက နေအိမ်များဆောက်လုပ်နေမှု၊ ရေ၊ မီး၊   မိလ္လာ  ဆောင်ရွက်ထားရှိမှု၊ ရေဝပ်ဧရိယာများ     မြေဖို့နေမှု၊ ဆေးပေးခန်း  ဆောက်လုပ်နေမှု၊ စခန်းအဝင် မြေသားလမ်းနှင့်  Box Culvert ဆောက်လုပ်နေမှု၊ ကျေးရွာ ခန်းမတည်ဆောက်နေမှုနှင့် စာသင် ကျောင်းများ    ဆောက်လုပ်နေမှု အခြေအနေများကို     ရှင်းလင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီး များက  လုပ်ငန်းများကို  မတ်လ ကုန်တွင် ပြီးစီးအောင် ဆောင်ရွက် ကြရန်နှင့်  ဖြည့်စွက်ဆောင်ရွက်ရန် လိုအပ်သည်များကို မှာကြားခဲ့ပြီး ကျောက်တစ်လုံး   IDP    စခန်း အတွင်း          လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။

 


ယင်းနောက်   ပြည်ထောင်စု ဝန်ကြီးများနှင့်  ပြည်နယ်ဝန်ကြီး ချုပ်တို့သည်  ကျောက်ဖြူ ၁၃၅ မဂ္ဂါဝပ်     သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းသို့          ရောက်ရှိကြရာ Supreme Company ဒါရိုက်တာ ဦးအောင်ကျော်မင်းက     Power China Resource Company နှင့် တိုင်းရင်းသားပိုင်        Supreme Company တို့ပူးပေါင်း၍ စီမံကိန်း ဆောင်ရွက်နေမှုနှင့်  ကျောက်ဖြူ-CCGT Power Plant နှင့်  ပေါင်းစပ် ဆောင်ရွက်မည့်     နေရောင်ခြည် စွမ်းအင်သုံး စံပြ Hybrid လျှပ်စစ် ဓာတ်အားပေးစက်ရုံ     စီမံကိန်း လျာထားမှုများကို       ရှင်းလင်း တင်ပြရာ   ပြည်ထောင်စုဝန်ကြီး များက       ဆွေးနွေးမေးမြန်း၍ စီမံကိန်းဆောင်ရွက်မှု အခြေအနေ များကို       ကြည့်ရှုလေ့လာခဲ့ကြ သည်။

 


ဆက်လက်၍    ပြည်ထောင်စု ဝန်ကြီးများနှင့်    ပြည်နယ်ဝန်ကြီး ချုပ်တို့သည်      ကျောက်ဖြူမြို့ နယ်စပ်ဒေသ      တိုင်းရင်းသား လူငယ်များ   စက်မှုလက်မှုပညာသင်တန်းကျောင်းသို့    ရောက်ရှိ ခဲ့ပြီး       ဖွင့်လှစ်လျက်ရှိသည့် လျှပ်စစ်၊         ဆောက်လုပ်ရေး၊ မော်တော်ယာဉ်စက်ပြင်၊ လက်ကိုင် ဖုန်းပြင်နှင့်     အခြေခံစက်ပြင် သင်တန်းများ    သင်ကြားပေးနေ မှုကို    ကြည့်ရှုခဲ့ကြပြီး    လိုအပ် သည်များ   ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။

 


ထို့နောက်    ပြည်ထောင်စု ဝန်ကြီးများနှင့်  ပြည်နယ်ဝန်ကြီး ချုပ်တို့သည် မာန်အောင်ဟိုတယ်၌ ကျင်းပသည့်     လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးတွေ့ဆုံပွဲသို့   တက် ရောက်ပြီး   မာန်အောင်မြို့နယ်ရှိ ဌာနဆိုင်ရာများ၊  လုပ်ငန်းရှင်များ၊ မြို့မိမြို့ဖများနှင့်    တွေ့ဆုံကာ မာန်အောင်မြို့နယ်      ဖွံ့ဖြိုးရေး အတွက်   လူမှုရေး၊    စီးပွားရေး၊ စိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ် ရေး၊     လျှပ်စစ်မီးလိုအပ်ချက်နှင့် အခြေခံအဆောက်အအုံ   လိုအပ် ချက်များ       ဖြည့်ဆည်းပေးနိုင် ရေး          တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး        ဒုတိယ ဗိုလ်ချုပ်ကြီး  ထွန်းထွန်းနောင်က ဆောင်ရွက်      ဖြည့်ဆည်းပေးနိုင် မည့်   အခြေအနေများကို    ညှိနှိုင်း ပေါင်းစပ်ပေးခဲ့ပြီး MSME လုပ်ငန်း ရှင်များက     ခင်းကျင်းပြသထား သည့်   ဒေသထွက်ကုန်ပစ္စည်းများ ကို ကြည့်ရှုလေ့လာကာ ဒေသတွင်း လူမှုစီးပွား      ဖွံ့ဖြိုးတိုးတက်ရေး အတွက်  ပံ့ပိုးပေးနိုင်မည့်   အခြေ အနေများကို   လုပ်ငန်းရှင်များနှင့် ရင်းရင်းနှီးနှီး       တွေ့ဆုံဆွေးနွေး ခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်