
နေပြည်တော် မေ ၂၅
အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏ လမ်းညွှန်မှု၊ ပို့ဆောင် ဆက်သွယ်ရေးလုပ်ငန်း ကော်မတီ ၏ စီစဉ်ကြီးကြပ်မှုဖြင့် မိုခါ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံး မှုများရှိခဲ့သည့် ရခိုင်ပြည်နယ်သို့ ကူညီကယ်ဆယ်ရေး ပစ္စည်းများ ကို ရေယာဉ်၊ လေယာဉ်၊ မော်တော် ယာဉ်များဖြင့် ပို့ဆောင်ပေးလျက် ရှိရာ ရန်ကုန်မြို့ The Myanmar Terminal (TMT) ဆိပ်ခံတံတားမှ ယနေ့ ညနေပိုင်းတွင် MCL-5 ရေယာဉ်သည် သစ်ခွဲ သား ၂၀၉ တန်၊ သွပ်ချပ် ၁၀၆၂၉၀၊ ဆန်အိတ် ၁၉၇၃၀ ၊ မိုးကာတဲ ၃၇၂ လုံး၊ မိုးကာလိပ် ၆၈ လိပ်၊ အိမ်ရိုက်သံ ၁၁ ဒသမ ၇ တန်၊ သွပ်ရိုက်သံ ၂၁ တန်၊ ခေါက်ဆွဲခြောက် ၆၁ ဖာ၊ ကရိန်းကား သုံးစီး၊ ကေဘယ်လိပ် ၂၀ နှင့် ဆက်စပ်ပစ္စည်းအခု ၁၅၆၀ စုစုပေါင်းတန် ၂၄၀၀ တင်ဆောင်၍ စစ်တွေမြို့သို့ ထွက်ခွာသွားသည်။
ပို့ဆောင်ပေး
ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်း ကော်မတီ၏ စီစဉ်မှု၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ အနီးကပ် ကြီးကြပ်မှုဖြင့် TMT ဆိပ်ခံတံတားမှ ရခိုင်ပြည်နယ် သို့ မေ ၁၆ ရက်မှစ၍ ယနေ့အထိ စစ်ရေယာဉ် (မုတ္တမ)၊ စစ်ရေယာဉ် (မဟာဗန္ဓုလ)၊ စစ်ရေယာဉ် (ပြည်တော်အေး ၂)၊ တပ်ဖွဲ့တင်ရေယာဉ် (ချင်းတွင်း)၊ ထောက်ပံ့ရေးရေယာဉ် (၆၀၃)၊ (၆၀၄)၊ MV. AQUA-RIOUS၊ MV.FORTUNE၊ MV.SUN SHINE၊ MCL-5 ရေယာဉ်တို့ဖြင့် ကူညီကယ်ဆယ်ရေးပစ္စည်း စုစုပေါင်း ၁၁၂၉၄ ဒသမ ၈ တန်နှင့် ခိုင်ခိုင်ဖြိုး (၃၃)၊ (၃၄) ရေယာဉ်များဖြင့် ဒီဇယ် ၂၄၉၇၆၂ ဂါလန်၊ Octane 92 ၁၉၉၈၈၆ ဂါလန်အား စစ်တွေမြို့သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်