ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်စေရေး ကွင်းဆင်းဆောင်ရွက်

 

နေပြည်တော်   ဇွန်   ၄


သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန   ဒုတိယဝန်ကြီး ဦးမြင့်စိုးသည်       ယမန်နေ့ နံနက်ပိုင်းက    ရခိုင်ပြည်နယ် အတွင်း   အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများ ပိုမိုအောင်မြင်စေရေး ကွင်းဆင်း ဆောင်ရွက်သည်။

 


ရှေးဦးစွာ   ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့သည် စစ်တွေမြို့ ကျေးလက်ဒေသ  ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနရုံးသို့   ရောက်ရှိပြီး ဦးစီးဌာနများမှ ဝန်ထမ်းများနှင့် တွေ့ဆုံကာ  ဒုတိယဝန်ကြီးက လုပ်ငန်းဆိုင်ရာများ  မှာကြားပြီး တာဝန်ရှိသူများ၏ ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေး     လုပ်ငန်းများ ဆောင်ရွက်နေမှု တင်ပြချက်များ အပေါ်   ညှိနှိုင်းပေါင်းစပ်ဆောင် ရွက်ပေးသည်။

 


ထို့နောက်    စစ်တွေမြို့နယ် ကျားမသောက်       ကျေးရွာရှိ ရွှေကျား      ရက်ကန်းအလုပ်သို့ ရောက်ရှိပြီး   အလုပ်ရုံပိုင်ရှင်က လုပ်ငန်း   ဆောင်ရွက်နေမှုများ တင်ပြရာ        လိုအပ်သည်များ မှာကြားကာ     အလုပ်ရုံအတွင်း လှည့်လည်ကြည့်ရှုလေ့လာသည်။

 


ဆက်လက်ပြီး         ကျားမ သောက်ကျေးရွာရှိ   မြစိမ်းရောင် ကျေးရွာ   စီမံကိန်းကော်မတီဝင် များနှင့်  တွေ့ဆုံကာ    စီမံကိန်း ရန်ပုံငွေဖြင့်        စိုက်ပျိုးရေး လုပ်ငန်း ဆောင်ရွက်လျက်ရှိသော ဦးအောင်သန်းတင်၏ ပဲစိုက်ခင်း ဆောင်ရွက်နေမှုကို      ကြည့်ရှု စစ်ဆေးသည်။

 


ယင်းနောက် ဒုတိယဝန်ကြီး နှင့်   အဖွဲ့သည်    ရွာသစ်ကေ ကျေးရွာရှိ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊   ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး  လုပ်ငန်းစီမံ ကိန်း (VDP) ရန်ပုံငွေဖြင့် ကျေးရွာ သူ ကျေးရွာသားများကိုယ်တိုင် ဆောင်ရွက်ခဲ့သော ကျေးရွာ မြောက်ဘက်လမ်း        ကွန်ကရစ် လမ်းခင်းခြင်း      လုပ်ငန်းကို  ကြည့်ရှုစစ်ဆေးကာ ဆောင်ရွက် ပြီးစီးသည့်         ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ     ရေရှည်တည်တံ့ နိုင်ရေးအတွက်       အားလုံးက  ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက် ကြရန်  မှာကြားသည်။

 


ဆက်လက်၍ စစ်တွေမြို့နယ် မြောက်စံပြရပ်ကွက်ရှိ မင်းသား လေး     အထွေထွေစီးပွားရေး သမဝါယမအသင်းသို့ ရောက်ရှိ ကာ   အသင်းတာဝန်ရှိသူများက လုပ်ငန်းများ ဆောင်ရွက်နေမှုကို တင်ပြရာ       ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ပြီး    အသင်းအရောင်းဆိုင်ကို ကြည့်ရှုစစ်ဆေးသည်။

 


ထို့နောက် စစ်တွေမြို့ အသေး စား   စက်မှုလက်မှုလုပ်ငန်းဦးစီး ဌာန၏         ရက်ကန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းအုပ်ကြီး၊ ဆရာ  ဆရာမများ၊ ဝန်ထမ်းများ နှင့် တွေ့ဆုံရာ ကျောင်းအုပ်ကြီးက လုပ်ငန်း   ဆောင်ရွက်နေမှုများ တင်ပြခဲ့ပြီး       ဒုတိယဝန်ကြီး က     လိုအပ်သည်များ  ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ ယင်းနောက်     သင်တန်းသား သင်တန်းသူများ၏    လက်တွေ့ ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးကာ     ဒုတိယ ဝန်ကြီးက          သင်တန်းသား သင်တန်းသူများ        အတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။

 


ထို့နောက်   ဒုတိယဝန်ကြီးနှင့် အဖွဲ့သည်       ရခိုင်ပြည်နယ် သမဝါယမ      အသင်းစုချုပ်သို့ ရောက်ရှိပြီး       အသင်းဥက္ကဋ္ဌ၊ အသင်းအမှုဆောင်များနှင့် တွေ့ဆုံ ရာတွင်      ဒုတိယဝန်ကြီးက သမဝါယမအသင်းများအနေဖြင့် သဘာဝမြေဩဇာများ ထုတ်လုပ် ဖြန့်ဖြူးရောင်းချနိုင်ရေး ဆောင် ရွက်ရန်၊    အသင်းမှ   ထုတ်ချေး  ပေးထားသော       ချေးငွေများ ပြန်လည်ရရှိရေး တတ်စွမ်းသမျှ နည်းလမ်းရှာဖွေ   ဆောင်ရွက် ကြရန်နှင့် အသင်းသားတောင်သူ များအတွက်       ထွန်စက်များ၊ လယ်ယာသုံး    စက်ကိရိယာများ နှင့် စိုက်ပျိုးရေးသွင်းအားစုများ ထောက်ပံ့နိုင်ရေး စီစဉ်ဆောင်ရွက် ကြရန်  မှာကြားခဲ့ကြောင်း   သိရ သည်။                      

 သတင်းစဉ်