
နေပြည်တော် ဇွန် ၂၂
ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးတင်ဦးသည် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး အမြဲတမ်း အတွင်းဝန် ဒေါ်ခိုင်ခိုင်အောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက စစ်တွေမြို့ ရခိုင် ပြည်နယ် စာရင်းစစ်ချုပ်ရုံး၌ ကျင်းပသည့် မိုခါမုန်တိုင်းဒဏ်သင့် စာရင်းစစ်ရုံး ဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်း အနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်က ယနေ့အခမ်း အနားသည် ရခိုင်ပြည်နယ်ရှိ မိုခါမုန်တိုင်းဒဏ်သင့် စာရင်းစစ်ရုံး ဝန်ထမ်းများအား ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးနှင့် တိုင်းဒေသ ကြီး/ ပြည်နယ် စာရင်းစစ်ရုံး ဝန်ထမ်းများနှင့် ပုဂ္ဂလိကများက ပရဟိတစိတ်၊ မိသားစုစိတ်ဓာတ် ဖြင့် ဒုတိယအကြိမ် စုပေါင်း လှူဒါန်းသည့် ငွေကျပ် ၁၅၆ သိန်း ကို ထောက်ပံ့ပေးအပ်ခြင်းအခမ်း အနားဖြစ်ပါကြောင်း၊ မိုခါမုန်တိုင်း ဒဏ်သင့် စာရင်းစစ်ရုံးဝန်ထမ်း များနှင့် မုန်တိုင်းဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့သည့် ရုံးအဆောက်အဦ များ ပြုပြင်နိုင်ရေးအတွက် ထောက်ပံ့ငွေကျပ်သိန်း ၁၄၀၊ ဘုရားစေတီများ ပြုပြင်ရန် အလှူ ငွေကျပ်ခြောက်သိန်း၊ သာသနိက အဆောက်အဦများနှင့် ဘုန်းတော် ကြီးကျောင်းများ ပြုပြင်မွမ်းမံရန် အလှူငွေကျပ် ၁၀ သိန်း စုစုပေါင်း ထောက်ပံ့လှူဒါန်းငွေကျပ် ၁၅၆ သိန်း ဖြစ်ကြောင်း၊ ပထမအကြိမ် လှူဒါန်းမှုအနေဖြင့်လည်း ဇွန် ၅ ရက်က ပြည်ထောင်စုစာရင်းစစ် ချုပ်ရုံး၊ ပြည်ထောင်စုနယ်မြေ အတွင်းရှိ စာရင်းစစ်ရုံးများ၊ တိုင်း ဒေသကြီး/ ပြည်နယ် စာရင်းစစ် ချုပ်ရုံးများနှင့် ရွှေစပါးကုမ္ပဏီ မိသားစုတို့က လှူဒါန်းသည့် အလှူငွေစုစုပေါင်းငွေကျပ် ၂၀၉ သိန်း ၁ သောင်းနှင့် ပစ္စည်းတန်ဖိုး ၁၆၈ သိန်း ၂ သောင်း စုစုပေါင်းငွေ နှင့် ပစ္စည်းတန်ဖိုးကျပ် ၃၇၇ သိန်း ၃ သောင်းကို စစ်ဆေးရေးဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်သန်းကြည် မှတစ်ဆင့် ပေးအပ် လှူဒါန်းခဲ့ပါကြောင်း၊ လှူဒါန်းရရှိမှုများကို ထိရောက် အကျိုးရှိစွာ မျှဝေသုံးစွဲနိုင်ရေး အတွက် စီမံဆောင်ရွက်ကြစေ လိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စု စာရင်းစစ်ချုပ်က ရခိုင်ပြည်နယ် စာရင်းစစ်ချုပ်ရုံးနှင့် ရခိုင်ပြည် နယ်အတွင်းရှိ ဒေသစာရင်းစစ်ရုံး ဝန်ထမ်းများအတွက် ထောက်ပံ့ ငွေများ ပေးအပ်ပြီး ဝန်ထမ်းများ ကိုယ်စား ရခိုင်ပြည်နယ်စာရင်းစစ် ချုပ်ရုံး ညွှန်ကြားရေးမှူး ဦးအေးငွေ က လက်ခံရယူ၍ ကျေးဇူး တင်စကား ပြောကြားသည်။
ထို့နောက် ရခိုင်ပြည်နယ် စာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူး နှင့် ခရိုင်၊ မြို့နယ်စာရင်းစစ်ရုံး တာဝန်ခံများက ရုံးလုပ်ငန်း ဆိုင်ရာများ၊ မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေများ၊ ပြင်ဆင်ပြီးစီးမှုများကို ရှင်းလင်း တင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး အမြဲတမ်း အတွင်းဝန်က ရှင်းလင်းတင်ပြမှု များနှင့်စပ်လျဉ်း၍ ဖြည့်စွက် ဆွေးနွေးပြီး ပြည်ထောင်စုစာရင်း စစ်ချုပ်က လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စု စာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူ များသည် စစ်တွေခရိုင်နှင့် မြို့နယ် စာရင်းစစ်ရုံးများသို့ ရောက်ရှိပြီး အဆောက်အအုံ ပြင်ဆင်ဆောင် ရွက်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ အားပေးစကား ပြောကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
သတင်းစဉ်