
မောင်တော အောက်တိုဘာ ၂၈
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့က ကြီးမှူး၍ ယနေ့ ညနေ ၆ နာရီက မြို့ဦးရွှေစည်းခုံစေတီတော်ကြီးတွင် ဆီမီးတစ်ထောင် ထွန်းညှိပူဇော်ပွဲကျင်းပရာ ဘုရား ဖူးပြည်သူများဖြင့် စည်ကားလျက် ရှိသည်။
အဆိုပါ မြို့ဦးရွှေစည်းခုံစေတီတော်ကြီးတွင် သီတင်းကျွတ် ကာလအတွင်း ခရိုင်/မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့က ကြီးမှူး၍ ယနေ့မှစတင်ကာ ဌာနဆိုင်ရာ များ၊ အနီးအနားရှိ ရပ်ကွက်များမှ ဘုရားဖူး ပြည်သူများက ဆီမီး တစ်ထောင် ထွန်းညှိပူဇော်ခြင်း၊ မီးပုံးပျံ လွှတ်တင်ခြင်း၊ ဘုရား ရေချမ်းအိုး ကပ်လှူပူဇော်ခြင်း၊ သစ်သီးဆွမ်းကပ်လှူခြင်း စသည် ဖြင့် ဘုရားဖူးပြည်သူများဖြင့် စည်းကားလျက်ရှိပြီး စေတနာရှင် အလှူရှင်များက စတုဒိသာများ ကျွေးမွေးများကို ပြုလုပ်ခဲ့ကြ သည်။ ထို့ပြင် မြို့ပေါ်ရပ်ကွက် များတွင်လည်း အလှမီးများထွန်း ခြင်း၊ ဘုရားစေတီအနီးတွင် ပွဲဈေးတန်းများဖြင့် စည်းကား လျက်ရှိပြီး သီတင်းကျွတ်လပြည့် နေ့တွင် မြို့မကျောင်းတိုက်မှ ဦးဆောင်ကာ ပြည်သူများ စုပေါင်း ၍ ဆရာတော်၊ သံဃာတော် အပါး ၁၅၀ ခန့်အား မြို့လုံးကျွတ် ဆွမ်း ဆန်စိမ်း လောင်းလှူခြင်းများကို လည်း ဆောင်ရွက်မည်ဖြစ် ကြောင်း သိရသည်။
သက်လွင်စိုး ၊ အောင်ကျော်စိန်