ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် အရပ်သား သုံးဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်သတ်ခဲ့ကြောင်း သတင်းတု၊ သတင်းမှားများကို လူမှုကွန်ရက် စာမျက်နှာများတွင် မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်    ဇန်နဝါရီ   ၁၁ 
ရခိုင်ပြည်နယ်  မြောက်ဦးမြို့တွင် ဇန်နဝါရီ   ၉  ရက်က   လုံခြုံရေး တပ်ဖွဲ့ဝင်များက လူသားဒိုင်းကာ အဖြစ်     ခေါ်ဆောင်သွားသည့် အရပ်သား  သုံးဦးကို    ပစ်သတ်ခဲ့ ကြောင်း သတင်းတု၊ သတင်းမှား များကို လူမှုကွန်ရက်စာမျက်နှာ များတွင်  မဟုတ်မမှန်  ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေ ဖြင့်  နယ်မြေတည်ငြိမ်အေးချမ်း ရေး၊    တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏    အသက်အိုးအိမ် စည်းစိမ်ကို       ကာကွယ်စောင့် ရှောက်ရာတွင် ချမှတ်ထားသည့်  စစ်ပွဲဆိုင်ရာ        ဥပဒေနှင့်အညီ  လိုက်နာဆောင်ရွက်လျက်ရှိကာ စစ်ရေးရည်မှန်းချက်များကိုသာ တိုက်ခိုက်ပြီး    အရပ်သားပြည်သူ များကို    လူ့အခွင့်အရေးများနှင့် အညီ       ကာကွယ်စောင့်ရှောက် လျက်ရှိသည်။
တရားမဝင်ပြည်ဖျက်မီဒီယာ များမှ ပြည်သူများအား ကြောက်ရွံ့ ထိတ်လန့်စေရန်နှင့်       လုံခြုံရေး တပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်  လွဲမှားစေရန်အတွက် သတင်းတု၊ သတင်းမှားများကို       လုပ်ကြံ ရေးသားကာ       သွေးခွဲသပ်လျှို လျက်ရှိပြီး အကြမ်းဖက်သောင်း ကျန်းသူများ၏    အရပ်သားများ    သတ်ဖြတ်ခြင်း၊         နေအိမ်များ မီးရှို့ခြင်းနှင့်       အကြမ်းဖက် လုပ်ရပ်များကို ဖုံးကွယ်၍  လုံခြုံ ရေးတပ်ဖွဲ့ဝင်များအပေါ် အပြစ် ပုံချလျက်ရှိကြောင်း      သတင်း ရရှိသည်။   
သတင်းစဉ်