
စစ်တွေ ဇွန် ၅
၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရခိုင် ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို တစ်ခုတည်းသောကမ္ဘာမြေ (Only One Earth) ဆောင်ပုဒ်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း၊ ကမ္ဘာ ပေါ်တွင် ရှိနေသည့် အပင်၊ တိရစ္ဆာန်နှင့် သဘာဝစွမ်းအင် အရင်းအမြစ်များ ရေရှည်တည်တံ့ ရေးအတွက် သဘာဝပတ်ဝန်းကျင် ကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ်နေပြီဖြစ် ကြောင်း၊ ထို့ကြောင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားဆောင်ရွက် မှု လုပ်ငန်းများတွင် ပါဝင်၍ဖြစ်စေ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကို အထောက်အကူဖြစ်စေသည့် မိမိတို့၏ နေ့စဉ်ပြုမူနေထိုင်မှု ပုံစံ ကို ပြုပြင်ပြောင်းလဲ၍ဖြစ်စေ၊ မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ခုလုံး၏ ပစ္စုပ္ပန်အကျိုး၊ အနာဂတ်အကျိုး ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးအကျိုးများအတွက် ယနေ့ကျရောက်သည် ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်ဖြစ် သော တစ်ခုတည်းသော ကမ္ဘာမြေ ဆောင်ပုဒ်နှင့်အညီ ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်သွားကြပါဟု ပြောကြားသည်။
ယင်းနောက် ကမ္ဘာ့ပတ်ဝန်း ကျင် ထိန်းသိမ်းရေးအထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲ များတွင် ဆုရရှိသော ကျောင်းသား ကျောင်းသူများအား ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်သယံ ဇာတရေးရာ ဝန်ကြီးတို့က ဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် အဖွဲ့ဝင်များ၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဌာနဆိုင်ရာများနှင့် လူမှုရေး အဖွဲ့အစည်းများမှ ပြသထားသော ပြခန်းအား လှည့်လည်ကြည့်ရှုခဲ့ ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)