
နေပြည်တော် မေ ၆
ရခိုင်ပြည်နယ် စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့နှင့် စစ်တွေ မြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များကို ယနေ့ နံနက်ပိုင်းတွင် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် အဖွဲ့ဝင်များက စစ်တွေ မြို့ရှိ ဗန္ဓုလခန်းမ၌ သွားရောက်တွေ့ဆုံ သည်။
ဦးစွာ တိုင်းမှူးက အမှာစကား ပြောကြားသည်။ ထို့နောက် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးပြီး စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များအတွက် စားသောက် ဖွယ်ရာများ ပေးအပ်သည်။
ထို့ပြင် တိုင်းစစ်ဌာနချုပ်ရှိ နယ်မြေခံ ဆေးအဖွဲ့များက စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား လိုအပ်သည့် ကျန်းမာ ရေး စစ်ဆေးပေးရာ တိုင်းမှူးက လိုက်လံ ကြည့်ရှုအားပေးပြီး ဆေးရုံတက်ရောက် ကုသမှုခံယူရန် လိုအပ်သူများအား စစ်တွေမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက် ဆေးကုသနိုင်ရေးအတွက် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်