
စစ်တွေ ဇန်နဝါရီ ၃၀
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် တွင် ကျရောက်မည့် (၇၇)နှစ် မြောက် ပြည်ထောင်စုနေ့အခမ်း အနား အောင်မြင်စွာကျင်းပနိုင် ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ်ပိုင်းက ရခိုင် ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ များတက်ရောက်ကြသည်။
ညှိနှိုင်း အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က (၇၇)နှစ် မြောက် ပြည်ထောင်စုနေ့အခမ်း အနားကို ရခိုင်ပြည်နယ် စစ်တွေ မြို့တွင် အောင်မြင်စွာကျင်းပနိုင် ရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ စနစ်တကျ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး ဖြစ် ကြောင်း၊ ကော်မတီများတွင် တာဝန်ပေးအပ်ခြင်း ခံရသည့် ဌာနဆိုင်ရာများအနေဖြင့် အခမ်း အနားအောင်မြင်စွာ ကျင်းပနိုင် ရေးအတွက် ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသမျှ ဆောင်ရွက်ပေးကြရန်နှင့် ကော်မတီဥက္ကဋ္ဌများ အနေဖြင့် လည်း မိမိတို့ကော်မတီ၏လုပ်ငန်း များ အောင်မြင်စွာဆောင်ရွက်နိုင် ရန် စဉ်ဆက်မပြတ် ကြီးကြပ် ဆောင်ရွက်ပေးရန် လိုအပ်မည် ဖြစ်ကြောင်းနှင့် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် (၇၇)နှစ် မြောက် ပြည်ထောင်စုနေ့အခမ်း အနားအား ခမ်းခမ်းနားနား၊ သိုက်သိုက်ဝန်းဝန်းနှင့် အေးချမ်း စွာ ကျင်းပနိုင်ရန်အတွက် သက်ဆိုင်ရာ ကော်မတီများ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများက လုံခြုံရေး အဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်ပြီး စနစ်တကျ စီမံဆောင်ရွက်ကြရန် ပြောကြား သည်။
ထို့နောက် အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်း တာဝန် ပေးအပ်ထားသည့် ကော်မတီဖွဲ့စည်းမိန့်အား ပြည်နယ် အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးစိုးဝင်းက ရှင်းလင်းတင်ပြပြီး လုပ်ငန်းကော်မတီအတွင်းရေးမှူး များက ကော်မတီအလိုက် အခမ်း အနားအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဆောင်ရွက်မည့်အစီအမံ များကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များ အပေါ် ပြည်နယ် အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ် သည်များကို ပြန်လည်ဆွေးနွေး ပေးကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)