ရီယိုဒီဂျနေရိုးမြို့တွင် စက်တင်ဘာလအတွင်း အားကစားရုံကြီးများ ပြန်လည်ဖွင့်လှစ်သွားမည်

 

ရီယိုဒီဂျနေရိုး   ဇူလိုင်   ၃၀


ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့ရှိ ဘောလုံးအားကစားရုံကြီးများကို စက်တင်ဘာလမှစတင်ကာ  ပရိသတ် အင်အား ၅၀ ရာခိုင်နှုန်းဖြင့် ပြန်လည်ဖွင့်လှစ်ပေးမည်ဟု  မြို့တော်ဝန် အက်ဒ်ဝါဒိုပက်စ်က ဇူလိုင် ၂၉ ရက် တွင်ပြောသည်။ 
နှာခေါင်းစည်းတပ်ဆင်ရမည်
ပွဲကြည့်ပရိသတ်များမှာ ကာကွယ်ဆေးနှစ်ကြိမ်လုံး ထိုးပြီးသည့်သူများဖြစ်ရမည့်အပြင် ပွဲကြည့် နေစဉ်အတွင်း လူမှုဝေးကွာအစီအစဉ်များအတိုင်း ကျင့်သုံးရမည်ဖြစ်သည်။ ထို့ပြင် ပါးစပ်၊ နှာခေါင်းစည်းလည်း တပ်ဆင်ရမည်ဖြစ်သည်။ 
ပိတ်ပင်ခဲ့
အကယ်၍ ကျန်းမာရေးဝန်ကြီးက  ကူးစက်မှုများ များပြားနေသည့်အတွက် အဆိုပါအစီအစဉ်ကိုရပ်ဆိုင်း ရန် ပြောလာပါကလည်း အဆင်သင့်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ ပြီးခဲ့သည့်နှစ် မတ်လအတွင်း မှ  စတင်ကာ  ရီယိုဒီဂျနေရိုးတွင်  ဘောလုံးပွဲများ၌ ပွဲကြည့်ပရိသတ်များဖြင့် ကျင်းပခြင်းကို ပိတ်ပင်ခဲ့သည်။ ဘရာဇီးနိုင်ငံတွင် ကိုဗစ် -၁၉  ကူးစက်ခံရသူ ၁၉ ဒသမ ၈  သန်းရှိပြီး သေဆုံးသူ  ၅၅၄၀၀၀ ရှိသည်ဟု    သိရသည်။                                                                                                                    

ဆင်ဟွာ