
ရန်ကုန် အောက်တိုဘာ ၁၄
အာဆီယံအဖွဲ့ဝင် နိုင်ငံများ အကြား ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ ခရီးသွားလုပ်ငန်း၊ ပညာ ရေး စသည့်ကဏ္ဍကြီးများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် တိကျ မှန်ကန်သော သတင်းများဖြင့် ထိရောက်စွာ တုံ့ပြန်ဆောင်ရွက် နိုင်ရန် ရည်ရွယ်၍ “Right Information Saves and Empowers ASEAN” (RISE ASEAN) ဇာတ်လမ်းတိုပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့ အသံနှင့်ရုပ်မြင်သံကြား၌ ကျင်းပသည်။
အခမ်းအနားသို့ မြန်မာ့အသံ နှင့်ရုပ်မြင်သံကြား ညွှန်ကြား ရေးမှူးချုပ် ဦးရဲနိုင်၊ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ တာဝန် ရှိသူများ၊ ဆုရွေးချယ်ရေး အကဲ ဖြတ် ဒိုင်အဖွဲ့ဝင်များနှင့် ဆုရရှိသူ များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ညွှန်ကြား ရေးမှူးချုပ် ဦးရဲနိုင်က ကမ္ဘာ တစ်ဝန်း ဖြစ်ပွားခဲ့သည့် ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီးကြောင့် လူအများအသက်ဆုံးရှုံးမှု အပါ အဝင် စီးပွားရေးမှစ၍ နယ်ပယ် များစွာတွင် ထိခိုက်နစ်နာဆုံးရှုံးမှု များ ကြုံတွေ့ကြရပါကြောင်း၊ တစ်ချိန်တည်းတွင် Social Media များမှတစ်ဆင့် သတင်းတု၊ သတင်းမှားများ၏ အန္တရာယ် ကိုလည်း ရင်ဆိုင်ကြုံတွေ့နေကြ ရပါကြောင်း၊ အဆိုပါ သတင်းတု၊ သတင်းမှားများ အန္တရာယ်ကို တိကျသော သတင်းမှန်များ ဖြင့် ထိရောက်စွာ တုံ့ပြန်နိုင်ခြင်း ဖြင့် ပြည်သူများအကြား အသိ ပညာပေးရန် လိုအပ်ပါကြောင်း၊ အာဆီယံ နိုင်ငံများအနက် ဖိလစ်ပိုင်နိုင်ငံမှ Project Coordi-nating Country အဖြစ် တာဝန်ခံ ဆောင်ရွက်သည့် “Short Video Contest” ဇာတ်လမ်းတိုပြိုင်ပွဲကို နိုင်ငံအလိုက်ကျင်းပရန် အာဆီယံ အဖွဲ့ဝင်များ ညှိနှိုင်းသဘောတူ ခဲ့ကြသဖြင့် ယင်းစီမံကိန်းကို မြန်မာနိုင်ငံအတွက် မြန်မာ့အသံ နှင့်ရုပ်မြင်သံကြား၊ MITV ဌာနခွဲ က စီမံကိန်းတာဝန်ခံ (Focal Person) အဖြစ် တာဝန်ယူဆောင် ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြား သည်။
ဆက်လက်၍ ညွှန်ကြား ရေးမှူးချုပ် ဦးရဲနိုင်က “Counter-ing the Infodemic” ခေါင်းစဉ်ဖြင့် ပထမဆုရရှိသူ မောင်သူထူးဇင် အား ဆုငွေကျပ် ၁၅ သိန်း၊(အပေါ်ပုံ) “Awareness on Fake News” ခေါင်းစဉ်ဖြင့် ဒုတိယဆုရရှိသူ မောင်ထိန်လင်းဦးအား ဆုငွေ ကျပ် ၁၀ သိန်းနှင့် “T.H.I.N.K” ခေါင်းစဉ်ဖြင့် တတိယဆုရရှိသူ မသစ်မွှေးအောင်အား ဆုငွေကျပ် ရှစ်သိန်းနှင့် ဂုဏ်ပြုမှတ်တမ်း လွှာများကို ပေးအပ်ချီးမြှင့်သည်။
“Right Information Saves and Empowers ASEAN” (RISE ASEAN) ဇာတ်လမ်းတိုပြိုင်ပွဲကိုအာဆီယံ လူမှုအသိုက်အဝန်း အတွင်း သတင်းတု၊ သတင်းမှား များ၏ အန္တရာယ်ကို တိကျသော သတင်းမှန်များဖြင့် Social Media အပါအဝင် Platform များမှ ထိရောက်စွာ တုံ့ပြန်နိုင်ရေး၊ သတင်းမှန်များကို သိရှိနားလည် စေပြီး ဒေသတွင်း ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ ခရီးသွား လုပ်ငန်း၊ ပညာရေး စသည့်ကဏ္ဍ ကြီးများ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန်နှင့် အသိ ပညာပေးခြင်းမှတစ်ဆင့် စီမံကိန်း တွင် လူငယ်ထုများ ပါဝင်လာခြင်း ဖြင့် ဒေသတွင်းအကျိုးစီးပွားကို မြှင့်တင် ဆောင်ရွက်သွားရန် ရည်ရွယ်ချက်ဖြင့် အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်း ဝါသနာရှင် အဆင့်နှင့် ပညာရှင်အဆင့် လူငယ်များအား ဖိတ်ခေါ်ကာ ကျင်းပခြင်းဖြစ်ကြောင်း သိရ သည်။
နိုင်ငံအလိုက် ဆုရပြိုင်ပွဲဝင် သုံးဦးစီကို အကဲဖြတ်ရွေးချယ်ကာ ဆုရဇာတ်လမ်းတိုများ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက် သည့် ဖိလစ်ပိုင်နိုင်ငံမှတစ်ဆင့် အာဆီယံ အထွေထွေအတွင်း ရေးမှူးချုပ်ရုံးသို့ ပေးပို့ရမည်ဖြစ် ကြောင်း၊ မြန်မာနိုင်ငံမှ ဆုရ ဇာတ်လမ်းတိုများ အပါအဝင် အခြားအာဆီယံနိုင်ငံ အသီးသီးမှ ဆုရဇာတ်လမ်းတိုများ အပြန် အလှန်ပေးပို့ပြီး အာဆီယံနိုင်ငံ အသီးသီး၏ နိုင်ငံပိုင်ရုပ်သံလိုင်း၊ Website နှင့် Social Media များ တွင် ထုတ်လွှင့်ပြသသွားမည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်