ရေဦးမြို့ပေါ်က ဒေသခံအမျိုးသားကိုးဦးကို စစ်မှုထမ်းရန်အတွက် ဖမ်းဆီးဟု သတင်းတု၊ သတင်းမှားများကို ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်  မေ  ၁ 
စစ်ကိုင်းတိုင်းဒေသကြီး     ရေဦး မြို့ပေါ်ရပ်ကွက်နှစ်ခုရှိ အမျိုးသား ကိုးဦးကို    စစ်မှုထမ်းဆောင်ရန် ဧပြီ ၂၉ ရက်ညတွင် တပ်မတော်က နေအိမ်အထိ    လိုက်လံဖမ်းဆီး သွားသည်ဟု သတင်းအမှားများ ကို      ပြည်ဖျက်မီဒီယာများက ရေးသား   ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
အဆိုပါ သတင်းနှင့်ပတ်သက် ၍      သက်ဆိုင်ရာမြို့နယ်ရှိ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူ တစ်ဦးထံ    ဆက်သွယ်မေးမြန်းရာ  ပြည်သူ့စစ်မှု     ထမ်းဆောင်ရန် တာဝန်သိပြည်သူများက ပူးပေါင်း ဆောင်ရွက်ခြင်းများ  လုပ်ဆောင် လျက်ရှိပြီး စစ်မှုထမ်းဆောင်ရန် အတွက်      ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်ခြင်း၊ အဓမ္မဖိအားပေး စုဆောင်းခြင်းများ    လုပ်ဆောင် ခြင်းမရှိကြောင်းနှင့်    သတ်မှတ် ပြဋ္ဌာန်းထားသည့်   ပြည်သူ့စစ်မှု ထမ်းဥပဒေနှင့်အညီသာ   ဆောင် ရွက်လျက်ရှိကြောင်း သိရှိရသည်။
ပြည်ဖျက်    မီဒီယာများနှင့် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလားသူများက အများပြည်သူ အထင်အမြင်        လွဲမှားစေရန် ရည်ရွယ်၍      ပြည်သူ့စစ်မှုထမ်း ဥပဒေ      အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို      ကောလာ ဟလသတင်းမှားများဖြင့်  အချိန် ကိုက်      ဝါဒဖြန့်ချိနေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။
                                                       သတင်းစဉ်