
ရန်ကုန် ဖေဖော်ဝါရီ ၅
ရွှေတိဂုံစေတီတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲစေရေး ထိန်းသိမ်းဆောင်ရွက်နေမှုလုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများသည် စေတီတော်ဂေါပကအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက လိုက်လံကြည့်ရှုစစ်ဆေးပြီး စေတီတော်ရင်ပြင်ပေါ်တွင် တိုင်း ဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပြည်သူများနှင့် ရွှေတိဂုံစေတီ တော်ဝန်ထမ်းများက ကုသိုလ်ယူစုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုများကို ကြည့်ရှုအားပေးသည်။
ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများသည် လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး ရေရှည် တည်တံ့ခိုင်မြဲစေရေး ထိန်းသိမ်းဆောင်ရွက်နေသည့် လုပ်ငန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို စေတီတော်ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့ တာဝန်ရှိသူများအား မှာကြား သည်။
ထို့နောက် စေတီတော်ရင်ပြင်ပေါ်ရှိ သာသနိက အဆောက်အဦများ၊ ဇရပ်တန်ဆောင်းများနှင့် ရင်ပြင် တော် သန့်ရှင်းရေးဆောင်ရွက်နေကြသည့် တိုင်း ဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း များနှင့် တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ ဝန်ထမ်းများ၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပြည်သူ များ၊ စေတီတော်ဝန်ထမ်းများက ဘုရားဖူးများ စိတ်ချမ်းသာစွာ ဖူးမြော်ကြည်ညိုနိုင်ရေး သန့်ရှင်း ရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)