ရွှေသွေးဂျာနယ်ထွက်ရှိ

 

နေပြည်တော်    ဖေဖော်ဝါရီ   ၉


ပြန်ကြားရေးဝန်ကြီးဌာန  ပုံနှိပ်ရေးနှင့် ထုတ်ဝေ ရေးဦးစီးဌာန  စာပေဗိမာန်ရုံးက  အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေ ဖြန့်ချိလျက်ရှိသည်။

 


၁၁-၂-၂၀၂၃ ရက် (စနေနေ့) တွင် ထွက်ရှိ မည့် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၆) တွင် (၇၆)   နှစ်မြောက်   ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့်     တင်ဆက် ထားသည့်   “ပြည်ထောင်စုနေ့”   မျက်နှာဖုံး ကာတွန်း၊    စကားပြောဆိုရာတွင်    ပြောသင့် သည့်စကားနှင့်    မပြောသင့်သည့်  စကားကို  ခွဲခြားသိနားလည်ရန်အတွက်   ဗဟုသုတဖြစ်ဖွယ်   တင်ဆက်ထား သည့်    “ပြောသင့်သည့်စကားနှင့်   မပြောသင့်သည့်စကား” ဆောင်းပါး၊ သူငယ်ချင်း များအနေဖြင့်       တစ်ဦးနှင့်တစ်ဦး       နားလည် ခွင့်လွှတ်ကာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်  ဖြင့် ဆောင်ရွက်သင့်ကြောင်း        တင်ဆက်ထား သည့်    “ဇီးကွက်ရုပ်”    နှစ်မျက်နှာကာတွန်း၊ ပြည်ထောင်စုနေ့   ဖြစ်ပေါ်လာပုံအကြောင်းကို စာစီကုံးရေးဖွဲ့ထားသည့်   “ပြည်ထောင်စုနေ့ တို့မမေ့” စာစီစာကုံး၊ မိမိစားချင်သော အစား အစာများကို  ကိုယ်တိုင်ချက်ပြုတ်စားသောက် နိုင်သည့်အတွက်        စားဖိုမှူးဖြစ်ချင်သော မောင်ချစ်မင်းအကြောင်းကို       တင်ဆက်ထား သည့် “စားဖိုမှူးဖြစ်ချင်သူ”  တစ်မျက်နှာကာ တွန်း၊ ကလေးများအနေဖြင့်  မိခင်တို့၏မေတ္တာ ကြီးမားပုံကို သိရှိနိုင်ရန်နှင့်  အလေးထားသင့် ပုံကို တင်ဆက်ထားသည့် “မာတာမိခင်” ပုံပြင်၊ မိမိကိုယ်တိုင်     ကြိုက်နှစ်သက်ခြင်းမရှိသော  အရာများကို    သူတစ်ပါးအား   မပြုလုပ်သင့် ကြောင်း တင်ဆက်ထားသည့်  “ကိုယ်ချင်းစာပါ” နှစ်မျက်နှာကာတွန်း၊ သူငယ်ချင်းဖြစ်သူ  သံဆူး ၍ တုတ်ကောက်ဖြင့်   သွားရသည်ကို   ကဲ့ရဲ့ခဲ့ သော ပုပုသည် မိမိအလှည့်တွင် သူငယ်ချင်းများ က မကဲ့ရဲ့ဘဲ  ကူညီသည်ကိုတွေ့ရပြီး  နောင်တ ရသွားပုံကို ရေးဖွဲ့ထားသည့်  “မလှောင်ပြောင် တော့ပါ”   နှစ်မျက်နှာကာတွန်းနှင့်    ကလေး လက်ရာ ကာတွန်းကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍအပါ အဝင် အင်္ဂလိပ်စကားဝိုင်းကဏ္ဍနှင့် ကဗျာကဏ္ဍ စုံလင်စွာဖြင့် ထွက်ရှိပြီဖြစ်ရာ တစ်စောင်လျှင် ငွေကျပ် ၄၀၀ ဖြင့် စာပေဗိမာန်စာအုပ်အရောင်း ဆိုင်များတွင်     ဝယ်ယူနိုင်ကြောင်း     သိရ သည်။          

   
သတင်းစဉ်