ရွှေသွေးဂျာနယ်ထွက်ရှိ

 

နေပြည်တော်   ဇူလိုင်    ၂၈


ပြန်ကြားရေးဝန်ကြီးဌာန         ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန      စာပေဗိမာန်ရုံးက အပတ်စဉ်  စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။

 


၃၀-၇-၂၀၂၂ ရက်  (စနေနေ့) တွင် ထွက်ရှိ မည့် ရွှေသွေးဂျာနယ်၊ အတွဲ (၅၄)၊ အမှတ် (၃၁)  တွင်   စကားပြောဆိုရာတွင်    ချိုသာ ယဉ်ကျေးစွာနှင့် နားဝင်ချိုအောင်ပြောဆိုသင့် ကြောင်း      တင်ဆက်ထားသည့်     “နှုတ်ချို သျှို တစ်ပါး”    မျက်နှာဖုံးကာတွန်း၊    ဗဟုသုတ ဖြစ်ဖွယ်တင်ဆက်ထားသည့်  “အောက်ဆီဂျင် ရရှိသော  အစားအစာများ ” သုတဆောင်းပါး၊ ကျေးဇူးရှင်ကို       မပြစ်မှားမိသင့်ကြောင်းကို တင်ဆက်ထားသည့်     “နဂါးမကြောက်သူ” နှစ်မျက်နှာကာတွန်း၊  ကျောင်းတက်မှန်လျှင် စာမခက်သည့်အကြောင်း သရုပ်ဖော်ထားသည့် “ကျောင်းမှန်မှန်တက်စာမခက်” တစ်မျက်နှာ ကာတွန်း၊ ရုပ်ဆိုးသော်လည်း ကူညီတတ်သော ယုန်ကလေးအကြောင်း တင်ဆက်ထားသည့် “ရုပ်ဆိုးလေး” နှစ်မျက်နှာကာတွန်း၊ သူများ ပြောစကားများကို ကြားရရုံနဲ့မယုံမိစေရန် တင်ဆက်ထားသည့်  “စကား”   နှစ်မျက်နှာ ကာတွန်း၊ ချွေတာစုဆောင်းရင်းနဲ့ သူဌေးဖြစ် သွားသည့်အကြောင်း    တင်ဆက်ထားသည့် “ဖိုးတစ်တို”မျက်နှာဝက်ကာတွန်း၊ အင်္ဂလိပ်စာ သင်ခန်းစာကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍ၊ ဝတ္ထုကဏ္ဍ၊ ပုံပြင်ကဏ္ဍနှင့်      ကဗျာကဏ္ဍတို့အပါအဝင် ကဏ္ဍစုံလင်စွာ ထွက်ရှိပြီဖြစ်ရာ တစ်စောင် လျှင် ငွေကျပ် ၄၀၀ ဖြင့် စာပေဗိမာန်စာအုပ်အရောင်းဆိုင်များတွင်       ဝယ်ယူနိုင်ကြောင်း သိရသည်။


သတင်းစဉ်