ရွှေသွေးဂျာနယ်ထွက်ရှိ

 

နေပြည်တော်    ဇူလိုင်     ၁၄


ပြန်ကြားရေးဝန်ကြီးဌာန      ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန      စာပေဗိမာန်ရုံးက  အပတ်စဉ်  စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို  ထုတ်ဝေဖြန့်ချိလျက်ရှိသည်။ 

 


၁၆-၇-၂၀၂၂ ရက် (စနေနေ့) တွင် ထွက်ရှိ မည့် ရွှေသွေးဂျာနယ်  အတွဲ (၅၄)၊ အမှတ် (၂၉) တွင် ကလေးတို့အနေဖြင့် ဖြစ်ပေါ်လာ သော    အကြောင်းအရာများကို      အကျိုး အကြောင်းဆက်စပ်၍ ဆင်ခြင်ဆုံးဖြတ်နိုင်  စေရန်    တင်ဆက်ထားသည့်    “ခရေပန်း ကောက်ကြမယ်”    မျက်နှာဖုံး  ဇာတ်လမ်း၊ ကလေးများအနေဖြင့် အာဇာနည်နေ့ဖြစ်ပေါ် လာပုံနှင့်    အာဇာနည်ပုဂ္ဂိုလ်ကြီးများသည် မမေ့အပ်သည့်ကျေးဇူးရှင်များဖြစ်ကြောင်း ကို    တင်ဆက်ထားသည့်     “အာဇာနည်နေ့ တို့မမေ့” သုတဆောင်းပါး၊ ကလေးတို့ ပေးပို့ သော ကာတွန်းလက်ရာများကို ဖော်ပြပေး ထားသည့်    “ရွှေသွေးတို့လက်ရာ”     ကဏ္ဍ၊ ကလေးတို့အနေဖြင့် မိမိတို့တွင် ကျရောက် လာမည့်အန္တရာယ်ကို       ကာကွယ်နိုင်ရန်  ကိုယ်ခံပညာကို သင်ယူထားသင့်သော်လည်း  သူတစ်ပါးအပေါ် အနိုင်မကျင့်သင့်ကြောင်းကို တင်ဆက်ထားသည့်     “ဖြိုးရဲနှင့်   ကိုယ်ခံ ပညာ”နှစ်မျက်နှာကာတွန်း၊ ဘောလုံး ကစား  ရာ၌     ပြိုင်ဘက်အသင်း   နှစ်သင်းလုံးက  အနိုင်ယူလိုသော်လည်း အသင်းတစ်သင်းက အနိုင်ရ၍   ကျန်အသင်းတစ်သင်းက   ရှုံးနိမ့် မည်ဖြစ်ရာ ၎င်းအရှုံးကို ကျေကျေနပ်နပ်ဖြင့်  လက်ခံသင့်ကြောင်းကို တင်ဆက်ထားသည့် “အပြုံးနှင့်အနိုင်”ဝတ္ထု၊ မိမိ၏ ထင်မြင်ယူဆ ချက်ဖြင့်   ဆောင်ရွက်ပါက   အမှားကြုံတွေ့ နိုင်ပုံကို   တင်ဆက်ထားသည့်    “ဆေးဆရာ ဦးအောင်ကြီး”   တစ်မျက်နှာ   ကာတွန်း၊  အပေါ်ယံအလှအပများဖြင့် မာန်တက်ကာ  သူတစ်ပါးကို ကဲ့ရဲ့တတ်သောအကျင့်ကြောင့် နောင်တရသွားသော    နှင်းဆီပန်းလေးနှင့်  သူတစ်ပါး၏ အခက်အခဲကို ကူညီတတ်သော  ရှားစောင်းလက်ပပ်ပင်လေးတို့  အကြောင်းကို  ရေးဖွဲ့ထားသည့်     “ဘဝင်မြင့်တဲ့      နှင်းဆီ ပန်းလေး”     ပုံပြင်၊   ကလေးတို့အနေဖြင့် ပေးထားသာ   ရုပ်ပုံကို   မိမိတို့စိတ်ကြိုက် အရောင်များဖြင့် ခြယ်သနိုင်မည့် “ဆေးရောင် လှလှ    ခြယ်ရအောင်”  ဉာဏ်စမ်း၊  ရန်ပိုင်စိုး သည်  သူငယ်ချင်းများနှင့်  သူခိုးနှင့်  ပုလိပ် လုပ်တမ်းကစားရာ၌   သူ့ကို  သူခိုးလုပ်ခိုင်း သဖြင့် အိမ်ပြန်ကာ ဦးလေးလုပ်သူ  ဖတ်ပြ သော ပုံပြင်ကိုသာ နားထောင်တော့မည်ဖြစ် ကြောင်း    ရေးဖွဲ့ထားသည့်      “ရန်ပိုင်စိုး” နှစ်မျက်နှာကာတွန်း၊   ကစားလိုက်   အိမ်သို့ ပြန်ကာ အစားစားလိုက်နှင့် အလုပ်မလုပ်ဘဲ  အချိန်ကုန်နေသော အာဘွားကို သူ၏မိခင်က မိဘလုပ်စာ ထိုင်စားနေသည်ဟု ပြောသည် ကို သူ၏ သူငယ်ချင်းနှင့်      ပြန်လည်ပြောဆို ပုံကို   ဟာသဖြစ်ဖွယ်   တင်ဆက်ထားသည့်  “မိဘလုပ်စာကို ထိုင်မစားတော့ပါ” နှစ်မျက်နှာ ကာတွန်း၊ Adjective (နာမဝိသေသန) များ၏ အသုံးအနှုန်းနှင့် ဝါကျများတွင် Adjective များ   ထည့်သွင်းအသုံးပြုပုံ     အကြောင်းကို လေ့ကျင့်ခန်းများနှင့်တကွ     တင်ဆက်ထား သည့်  “ရွှေသွေးအင်္ဂလိပ်သဒ္ဒါ” အင်္ဂလိပ်စာ သင်ခန်းစာကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍနှင့် ကဗျာ ကဏ္ဍတို့ အပါအဝင်  ကဏ္ဍစုံလင်စွာထွက်ရှိပြီ ဖြစ်ရာ တစ်စောင်လျှင် ငွေကျပ် ၄၀၀ ဖြင့် စာပေဗိမာန် စာအုပ်အရောင်းဆိုင်များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။  

သတင်းစဉ်