ရွှေသွေးဂျာနယ်ထွက်ရှိ

 

နေပြည်တော်   ဧပြီ   ၂၉


ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ်  စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။

 


၃၀-၄-၂၀၂၂ ရက်(စနေနေ့)တွင်   ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၄)  အမှတ်  (၁၈) ၌ လောက တွင်  မည်သည့်ကိစ္စမဆို ယုတ္တိရှိတိုင်း အမှန်မဖြစ် တတ်ဘဲ ယုတ္တိမရှိသော်လည်း  အမှန်ဖြစ်တတ်သည့် အကြောင်း  ရေးဖွဲ့ထားသည့်  “ယုတ္တိ၊ ယုတ္တာ”  မျက်နှာဖုံး ကာတွန်း၊ ပြင်းထန်လေဆင်နှာမောင်း  မုန်တိုင်းအကြောင်း ဗဟုသုတဖြစ်ဖွယ် တင်ဆက် ထားသည့်  “လေဆင်နှာမောင်း”   သုတ‌ဆောင်းပါး၊  ဘာမှမလုပ်ခြင်းကြောင့်    အပြစ်ပေးခံရသည်ဆိုသော   ဖြိုးရဲအကြောင်းကို   ဟာသဖြစ်ဖွယ်   တင်ဆက်ထား သည့် “ဖြိုးရဲအပြုံးလက်ဆောင်”နှစ်မျက်နှာကာတွန်း၊ မိမိစိတ်ဝင်စားသည့်  ဆောင်ရွက်ချက်များတွင် ရည်မှန်းချက်ထား   ကြိုးစားခြင်းကြောင့်    အောင်မြင် မှုများကို   အမှန်တကယ် ဆွတ်ခူးရရှိနိုင်ပုံအကြောင်း       ရေးဖွဲ့ထားသည့် “အကယ်ဒမီ ပူစီကစ်ကစ်” ဝတ္ထု ကဏ္ဍ၊  ပန်းကန်ကပ်ကော်ကို  လက်တွေ့စမ်းကြည့် နေသော   ရဲရင့်ဖြိုးအကြောင်းကို    ရေးဖွဲ့ထားသည့်   “အမွှေလေး ရဲရင့်ဖြိုး”တစ်မျက်နှာကာတွန်း၊ ကလေး တို့အနေဖြင့်   ဆရာမိဘများ၏   ဆုံးမစကားများကို              နာယူမှတ်သားပြီး အကျိုးထိရောက်စွာ အသုံးပြုတတ် ရမည်ဖြစ်ကြောင်း  တင်ဆက်ထားသည့်    “တန်ဖိုးရှိတဲ့  စကားသုံးခွန်း”  ပုံပြင်ကဏ္ဍအပါအဝင်   ဉာဏ်စမ်း ကဏ္ဍ၊   အင်္ဂလိပ်စကားဝိုင်းကဏ္ဍနှင့်  ကဗျာကဏ္ဍ  စုံလင်စွာဖြင့်   ထွက်ရှိပြီဖြစ်ရာ   တစ်စောင်လျှင်   ငွေကျပ်  ၄၀၀ ဖြင့်  စာပေဗိမာန်စာအုပ်    အ‌ရောင်းဆိုင် များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။


ဇော်ဝင်းထွန်း