ရွှေသွေးဂျာနယ် ထွက်ရှိ

 

နေပြည်တော်    ဧပြီ   ၁


ပြန်ကြားရေးဝန်ကြီးဌာန  ပုံနှိပ် ရေးနှင့်   ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေ နေ့တိုင်း        ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။

 


၂-၄-၂၀၂၂ ရက်(စနေနေ့)တွင် ထွက်ရှိသည့်    ရွှေသွေးဂျာနယ် အတွဲ (၅၄)၊    အမှတ်  (၁၄)  ၌ ညီမလေးအပေါ်တွင် အနိုင်ယူလို စိတ်မထားတော့ဘဲ    ညီအစ်ကို သုံးယောက်      ချစ်ချစ်ခင်ခင် နေတော့မည်ဆိုသော  ယုယုတို့ ညီအစ်မသုံးယောက်အကြောင်း ရေးဖွဲ့ထားသည့် “ချစ်ချစ်ခင်ခင်” မျက်နှာဖုံး   ကာတွန်း၊  လူမှုဘဝ  တိုးတက်ရေးအတွက်  ပို့ဆောင် ဆက်သွယ်ရေးကဏ္ဍ၏ အရေးပါပုံ အကြောင်း တင်ဆက်ထားသည့် “ပို့ဆောင်ဆက်သွယ်ရေး” သုတ ဆောင်းပါး၊ ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာ များကို     တင်ဆက်ထားသည့် “ရွှေသွေးတို့လက်ရာ”ကဏ္ဍ၊ ရွှေ သေတ္တာကြီးကို  ပိုင်ဆိုင်ခွင့်ရသွား သော      ရိုးသားပွင့်လင်းသည့် သစ်ခုတ်သမားအကြောင်း ရေးဖွဲ့ ထားသည့်   “သစ်ခုတ်သမားနှင့် ရွှေအိုးကြီး” နှစ်မျက်နှာကာတွန်း၊ မျက်လှည့်ပညာ     အချို့သည် ပရိသတ်၏မျက်စိကို လှည့်စားရုံ သာမက အသိဉာဏ်ကိုပါလှည့်စား တတ်ပုံအကြောင်း တင်ဆက်ထား သည့်   “မျက်လှည့်ပွဲ” ဝတ္ထုကဏ္ဍ၊ ကိုရီးယားစကားပြော သင်တန်း တက်နေသည်ဆိုသော   တူးမာ အကြောင်း     ရေးဖွဲ့ထားသည့် “ဖိုးလပြည့်” တစ်မျက်နှာ ကာတွန်း၊ သားတော်ထွေး မောင်သုတသည် ခမည်းတော်ဘုရင်ကြီး၏ မေးခွန်း ပုစ္ဆာများကို     ဉာဏ်ပညာနှင့် ယှဉ်ကာ ပြည့်စုံစွာဖြင့် ဖြေဆိုနိုင်ပုံ အကြောင်း   တင်ဆက်ထားသည့် “မောင်သုတရဲ့  အဖြေ”    ပုံပြင် ကဏ္ဍအပါအဝင်    အင်္ဂလိပ်စာ ကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍ၊ ကဗျာ ကဏ္ဍ   စုံလင်စွာဖြင့်   ထွက်ရှိပြီ ဖြစ်ရာ တစ်စောင်လျှင် ငွေကျပ် ၄၀၀  ဖြင့်   စာပေဗိမာန်စာအုပ် အရောင်းဆိုင်များတွင် ဝယ်ယူနိုင် ကြောင်း သိရသည်။

 ဇော်ဝင်းထွန်း