
နေပြည်တော် ဖေဖော်ဝါရီ ၂
ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေအကောင်အထည်ဖော်ရေးကော်မတီ၏ (၁ /၂၀၂၂ ) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ်(၃၄) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဝန်ထမ်း နောင်ရေးဗဟိုရန်ပုံငွေ အကောင် အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးမောင်မောင် ဝင်းက ဝန်ထမ်းနောင်ရေး ဗဟို ရန်ပုံငွေသည် ရေရှည်ဆောင်ရွက် ရမည့်ကိစ္စဖြစ်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက ယခင် နိုင်ငံတော်သမ္မတရုံးမှ ဖွဲ့စည်းပေး ခဲ့သော ဝန်ထမ်းနောင်ရေး ဗဟို ရန်ပုံငွေ အကောင်အထည်ဖော် ရေးကော်မတီကို ပြန်လည်ပြင်ဆင် ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ ကော်မတီ အနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲ သော အမျိုးသားပင်စင်စနစ် ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ စနစ် အကောင်အထည်ဖော်ရေး ကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ အနေဖြင့် ဆက်လက်ဆောင်ရွက် ရန်ကိစ္စများ၊ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားသင့်သည့် ကိစ္စ များ၊ ဥပဒေကြမ်းရေးဆွဲရေး၊ ရန်ပုံ ငွေစနစ် ကျင့်သုံးမည့်ပုံစံတို့နှင့် စပ်လျဉ်း၍ ဆောင်ရွက်သင့်သည့် ကိစ္စရပ်များကို ဆက်လက်ဆွေးနွေး ညှိနှိုင်းကြရန်ဖြစ်ပါကြောင်း ပြော ကြားသည်။
ဆက်လက်၍ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည် ဖော်ရေး ကော်မတီအတွင်းရေးမှူး ပင်စင်ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးရဲညွန့်က ဝန်ထမ်း နောင်ရေး ဗဟိုရန်ပုံငွေအကောင် အထည်ဖော်ရေးနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ရေးဆွဲပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေ အနေများကို ရှင်းလင်းတင်ပြရာ အစည်းအဝေးသို့ တက်ရောက်လာ ကြသည့် ကော်မတီဝင်များက လိုအပ်သည်များကို အကြံပြု ဆွေးနွေးခဲ့ကြသည်။ အကြံပြု ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ကော်မတီဥက္ကဋ္ဌက သုံးသပ် ဆွေးနွေး၍ နိဂုံးချုပ်အမှာစကား ပြောကြားသည်။
ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံ ငွေ အကောင်အထည်ဖော်ရေး ကော်မတီကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁ ခုနှစ် မတ် ၂၄ ရက် ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ်၊ ၇၁/၂၀၂၁ဖြင့် ပြင်ဆင်ဖွဲ့စည်းပေးခဲ့ပြီး စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ သက်ဆိုင်ရာဌာန များမှ ဦးဆောင်ညွှန်ကြားရေးမှူး များ၊ ညွှန်ကြားရေးမှူးချုပ်များ လည်းပါဝင်ကြောင်း၊ နိုင်ငံ့ဝန်ထမ်း များ၏ ပင်စင်ခံစားခွင့်များနှင့် စပ်လျဉ်း၍ ရေရှည်တည်တံ့ခိုင်မြဲ ပြီး အားကိုးအားထားပြုနိုင်သည့် ပင်စင်ရန်ပုံငွေစနစ် တစ်ရပ်ကို ထူထောင်ရန် ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
သတင်းစဉ်