‌ရွှေပြည်သာမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်‌ရေးကတ် ကွင်းဆင်းဆောင်ရွက်ပေး

 

ရန်ကုန်   ဒီဇင်ဘာ   ၄  

ရန်ကုန်တိုင်းဒေသကြီး  ရွှေ ပြည်သာမြို့နယ် အမှတ်(၈) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဒီဇင်ဘာ ၄ ရက်က ရပ်ကွက် နေ ပြည်သူများအား လူဝင်မှု ကြီးကြပ်ရေးနှင့်     ပြည်သူ့ အင်အားဝန်ကြီးဌာန   ရွှေ ပြည်သာမြို့နယ် ဦးစီးမှူးရုံး မှလူမှုဘဝပြည့်စုံဖို့   နိုင်ငံ သားကတ်ကိုင်ကြစို့ ဆောင် ပုဒ်နှင့်အညီ ပန်းခင်းစီမံချက် ဖြင့်  ကွင်းဆင်းဆောင်ရွက် ပြီးသော အိမ်ထောင်စုလူဦးရေစာရင်းနှင့်            နိုင်ငံသား စိစစ်ရေးကတ်ပြား ပေးအပ် ပွဲ ကျင်းပသည်။ 

 


အခမ်းအနားတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦးက   အမှာစကား ပြောကြားပြီး မြို့နယ်လဝက ဦးစီးမှူး ဦးမင်းသူအောင်က ပန်းခင်းစီမံချက်အကြောင်းသိကောင်းစရာနှင့် နိုင်ငံသား ဆိုင်ရာ အချက်အလက်များအကြောင်း                        ရှင်းလင်း ပြောကြားကာ    နိုင်ငံသား စိစစ်ရေးကတ် ၇၉ ကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း နှစ်စောင်တို့ကို     တာဝန် ရှိသူများက   ပြည်သူများထံ သို့     လက်ဝယ်အရောက် ပေးအပ်သည်။

 


ပန်းခင်းစီမံချက်ဖြင့် ရွှေ ပြည်သာမြို့နယ်ရှိ ရပ်ကွက် ပေါင်း   ၂၇    ရပ်ကွက်ကို အလှည့်ကျ ဆောင်ရွက်ပေး ရာ  မေ ၃ ရက်မှ စတင်ကာ ယနေ့အထိ နိုင်ငံသားစိစစ် ရေး  ကတ်ပြားပေါင်း ၅၂၉၂ ကတ်နှင့် အိမ်ထောင်စုလူဦး ရေစာရင်းပေါင်း ၈၉၀ တို့ကို    ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။


 မြင့်သန်းကြည်(ရွှေပြည်သာ)