
ရွှေညီလာခံ
v ပညာရွှေအိုး လူမခိုးဟု
နိုးကြားမြန်မာ ရှေးစဉ်လာကို
ငါသူစောင့်ထိန်း ရင်ဝယ်ကိန်းသော်
သိန်းသန်းကုဋေ ကမ္ဘာ့မြေဝယ်
ရွှေမြန်မာများ တန်ခိုးထွားကာ
ပွားတိုးအဆင့် ဂုဏ်လည်းမြင့်၍
တင့်ဖြိုးဝေလွင် ပြည်စည်ပင်၏ ။
v လူ့စွမ်းရင်းမြစ် မွေးထုတ်ဖြစ်ရန်
နှစ်သားကုံလုံ ‘‘ပညာဘက်စုံ’’
ပုံမှန်ဖွံ့ဖြိုး လုံးစုံတိုးဖို့
စိုးမိုးစီမံ ‘‘ရွှေညီလာခံ’’ ။
v ပညာရပ်ဝိုင်း အဆင့်တိုင်းတွင်
နှိုင်းယှဉ်တိုးတက် အကောင်းဖက်ပြီး
သက်ငယ်လတ်ကြီး ပညာဖီးလျက်
သီးပွင့်ဝေဆာ အလွှာလွှာအား
သာယာစေရန် ‘‘ရွှေညီလာခံ’’ ။
v အနာဂတ်ရေး မြော်မြင်တွေးလျက်
ဆွေးနွေးဝေဖန် အကြံဉာဏ်ကို
စံထားထွက်ရန် ‘‘ရွှေညီလာခံ’’ ။
v စာတမ်းပြုစု ကောင်းရာတုကာ
နုပျိုရွယ်သင့် အဆင့်ဆင့်ကို
တင့်လှပေဟန် ပညာခံတို့
မှန်ပင်သာမိုး ရှည်ဖွံ့ဖြိုးမည်
ကြိုးစားစီမံ ‘‘ရွှေညီလာခံ’’ ။ ။
ညိုဝင်း(ချစ်မြေ)
"မေ ၁၈-၂၀ ရက်တွင် ကျင်းပမည့် ပညာရေးညီလာခံ (၂၀၂၃)" ကို ဂုဏ်ပြုရေးဖွဲ့အပ်ပါသည်။