
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ရေနံလက်ယက်တွင်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေ
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ၁၈ / ၂၀၂၄)
၁၃၈၅ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက်
(၂၀၂၄ ခုနှစ်၊ မတ်လ ၁၂ ရက်)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၁၉ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
၁။ ဤဥပဒေကို ရေနံလက်ယက်တွင်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေ ဟု ခေါ်တွင်စေရမည်။
၂။ ရေနံလက်ယက်တွင်းဆိုင်ရာဥပဒေ ပုဒ်မ ၂ တွင် ပုဒ်မခွဲ (ခ) ကို အောက်ပါအတိုင်း အစားထိုး ရမည်-
“(ခ) ဝန်ကြီးဌာနဆိုသည်မှာ ပြည်ထောင်စုအစိုးရ စွမ်းအင်ဝန်ကြီးဌာနကို ဆိုသည်။”
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ကျွန်ုပ် လက်မှတ် ရေးထိုးသည်။
(ပုံ)
မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ