
ရေနံချောင်း ဇန်နဝါရီ ၅
မကွေးတိုင်းဒေသကြီး ရေနံ ချောင်းမြို့နယ်၌ အသက် နှစ်လမှ တစ်နှစ်ခွဲအရွယ် ကလေးများ အား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းလုပ်ငန်းကို ယနေ့ နံနက် ၉ နာရီက ရေနံချောင်းမြို့ ရွာသစ်ရပ်ကွက်ရှိ မြို့နယ်မိခင် နှင့် ကလေးကျန်းမာရေးဌာနရုံး ၌ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
အဆိုပါ ပုံမှန်ကာကွယ် ဆေးထိုး ဆေးတိုက်ခြင်း ဆောင် ရွက်ရာတွင် မြို့နယ်ပြည်သူ့ဆေးရုံ အုပ်ကြီး ဒေါက်တာ ဆန်းထွန်း ဦးဆောင်၍ မြို့နယ်မိခင် နှင့် ကလေးကျန်းမာရေးဌာန အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်ကေသီမော်နှင့် ဆရာမများက ငါးမျိုးစပ် ကာကွယ်ဆေးဖြစ် သည့် ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင် အသားဝါ(ဘီ)- ဦးနှောက်အမြှေးရောင် ရောဂါ ကာကွယ်ဆေးနှင့် ပိုလီယို ကာကွယ်ဆေး၊ ပြင်းထန်အဆုတ် ရောင် (ပီစီဗီ) ကာကွယ်ဆေး၊ ဝက်သက် - ဂျိုက်သိုးကာကွယ် ဆေးတို့ကို အသက်နှစ်လအရွယ် မှ တစ်နှစ်ခွဲအရွယ် ကလေးငယ် များကို ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်